ခမ်းသားငေါဝ်း

ဇူလိုင် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/16muCSUU2b/

အောင်ပန်းမြို့မဈေးတွင် ယနေ့တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာ လင်ယောကျ်ားမှ ဇနီးအားဓားနှက့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဥ်သိသူထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မြို့မ‌ဈေး အရှေ့ဘက် သမ၀ါယမရုံးရှေ့တွင် အသားရောင်းနေသော ကြက်သားသည်လင်မယားသည် ယနေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန်တွင်လင်မယားချင်း စကားများရန်ဖြစ်ရာ လင်ယောကျ်ားအမျိုးသားမှ ဇနီးဖြစ်သူအမျိုးသမီးကို ဓားထိုးခဲ့သည်။

“ဈေးရောင်းနေရင်းနဲ့ လင်မယားစကားများရန်ဖြစ်ပြီးတော့ ယောက်ျားက ဓားနဲ့ခုတ်လိုက်တာ ၊ ဓားဒဏ်ရာက တော်တော်ကြီးတယ်၊ ကြည့်ရတာ ဓားနဲ့ ရမ်းလိုက်တဲ့ပုံစံမျိုး ထင်တယ်၊ သစ်ခုတ်တဲ့ ဓားနဲ့ဆိုတော့ ၊ ရင်ဘတ်ရဲ့ အပေါ်ပိုင်းပေါ့ ဒဏ်ရာက တစ်ပေကျော်လောက်ရှိတယ်၊ လက်ကောက်ဝတ်မှာ နှစ်ချက်ထိတယ်”ဟု ဖြစ်စဉ်သိရှိသူမှ ခမ်းသားငေါဝ်းကို ပြောသည်။

၎င်း အမျိုးသားသည် အမှုဖြစ်ရာနေရာမှ အမျိုးသမီးကို ဓားထိုးပြီး ထွက်ပြေးသွားကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များကလည်း လိုက်လံဖမ်းဆီးနေကြောင်း ၎င်းကဆက်ပြောသည်။

ဓားထိုးခံရသည့် ဇနီးဖြစ်သူအမျိုးသမီးအား နာရေးကူညီမှုအသင်း (အောင်ပန်း)က အောင်ပန်းပြည်သူ့ ဆေးရုံမှ ကလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

‌PPV0013
ပုံ-အွန်လိုင်း
#မှုခင်း
#အောင်ပန်းမြို့
#မြို့မ‌ဈေးအရှေ့ဘက်
#သမ၀ါယမရုံးရှေ
#အသားရောင်းနေသောကြက်သားသည်လင်မယား
#လင်မယားချင်းစကားများရန်ဖြစ်ရာ
#လင်ယောကျ်ားအမျိုးသား
#ဇနီးဖြစ်သူအမျိုးသမီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7