ခမ်းသားငေါဝ်း
ဇူလိုင် ၂၁၊ ၂၀၂၅

https://www.facebook.com/share/p/1EsKmNAKsw/

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA က သိမ်းပိုက်ထားသော သီပေါမြို့ကို ယမန်နေ့ ညအချိန် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၁)လုံး ထပ်မဲကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA မှ ယနေ့ တွင် ထုတ်ပြန်ထားသည်။

မနေ့ဇူလိုင် (၂၀)ရက် ၁၀ နာရီ မခွဲခင် အချိန်၌ သီပေါမြို့တွင် ယခင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃)တပ်စခန်းအတွင်း ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၁)လုံး ထပ်မဲကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၂၃ စစ်တပ်ထဲပါ၊မြှင့်တယ် ပျံတာ ၁ လုံးပဲ၊တောထဲပဲကျတယ်၊ လူအထိခိုက်မရှိဘူး”ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၃)လုံးကြဲချ မှုကြောင့် အ.မ.က (၁)ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့ ကြောင်း TNLA ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့ကို ဇူလိုင်လ နှစ်ပတ် အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူလူထု (၂)ဦး သေဆုံးသွားကာ (၅)ဦးဒဏ်ရာရရှိပြီး နေအိမ် (၁၃)အိမ်၊ အဆောက်အဦး (၆)လုံးထိခိုက်ပျက်စီးခဲ့ ကြောင်းသိရသည်။

PPV0013
ပုံ-CJ
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်မြောက်ပိုင်း
#TNLA
#သီပေါမြို့
#ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7