ခမ်းသားငေါဝ်း

ဇူလိုင် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1GRF99gmAk/

မွေတော်ဘုရားဝန်းထဲ့နှင့် ပဲပုတ်ဘုရားများရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိပြီး တစ်ချို့ရက်များတွင် ဆန်ပြုတ်များသာစားနေရကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ ၊ဘုရားဖြူရပ်ကွက်ရှိ မွေတော်ဘုရားဝန်းထဲ့နှင့်ပဲပုတ်ဘုရားများရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်းသိရသည်။

“ခုကအကူအညီပေးတဲ့သူလည်းနည်းတယ်။ တစ်ချို့ရက်ဆို ဆန်ပြုတ်ဘဲ သောက်ရတယ်။အကူအညီပေးနိုင်တဲ့သူတွေအဖွဲ့အစည်းတွေရှိရင် လာရောက်ကူညီပေးစေချင်ပါတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကခမ်းသားငေါတ်းကိုပြောသည်။

ယင်းစစ်ဘေးရှောင်များသည် စလောင်းထောင်ရွာ၊ကောင်ထိုရွာ၊ နောင်ထော်ရွာ ဒေသခံများ ဖြစ်ကြပြီး ဇွန်လအတွင်းတွင် PNO ပြည်သူ့စစ်က တိမ်းရှောင်ခိုင်းသဖြင့် ရောက်လာကြကြောင်း သိရသည်။

ယင်းစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအပြင် မိုးကာ၊ဆေးဝါး၊အမျိုးသမီးလစဉ်သုံးပစ္စည်း၊လူသုံးကုန်အမျိုးမျိုးလည်းလိုအပ်လျက်ရှိကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မွေတော်ဘုရားဝန်း
#ပဲပုတ်ဘုရား
#စစ်ဘေးရှောင်များ
#စားနပ်ရိက္ခာများအရေးပေါ်လိုအပ်
#ဆန်ပြုတ်များသာစားနေရ
#စလောင်းထောင်ရွာ
#ကောင်ထိုရွာ
#နောင်ထော်ရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7