ခမ်းသားငေါဝ်း
ဇူလိုင် ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/14Ed9ZW6pim/
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်သည့်၊ ခလယ်လွီထူခရိုင်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်မှ ဇူလိုင် (၁၄)ရက်မှ တစ်ပတ်အတွင်း လက်နက်ကြီးပစ်ခတ်မှု ကြောင့်ကလေးငယ်အပါ ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU မှ မနေ့တွင်ထုတ်ပြန်ထားသည်။
ဇူလိုင် (၁၄)ရက်နေ့တွင် ရေလဲကျေးရွာ၌ လက်နက်ကြီး ၁၂၀မမဖြင့် (၄)လုံး ပစ်ခတ်ခဲ့မှု ကြောင့် အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကလေးငယ်(၂)ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဇူလိုင်လ(၁၈)ရက်နေ့တွင် နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် အညာစုကျေးရွာနှင့် ရေလဲကရင်ကျေးရွာကြားတွင် လက်နက်ကြီး(၆)လုံး ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး တစ်ရက်တည်းမှာပင် ခမရ-၃၀၇ မှ သင်္ကန်းကုန်းကျေးရွာသို့ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ အသက် ၃၆ နှစ် အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လ(၁၆)ရက်နေ့တွင်လည်း KNU လယ်ဒိုမြို့နယ်သစ်ဖရောင်းတန်းကျေးရွာမှ အသက် (၅၂)နှစ်အမျိုးသားတစ်ဦးသည် ညောင်လေးပင်မြို့သို့ ဈေးဝယ်သွားရင်း အပြန်တွင် စစ်ကောင်စီတပ်၏ ငှက်ပျောတောဂိတ်တွင် ဖမ်းဆီးခံရကြောင်း သိရပါသည်။
ထို့ပြင် စစ်ကောင်စီတပ်မှ KNU ခလယ်လွီထူခရိုင်အတွင်းရှိကျေးရွာများကို ဇူလိုင်(၁၄)ရက်မှ စ၍ နေ့စဉ်ဆက်တိုက် လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်ခတ် နေကြောင်း ဖော်ပြထားသည်။
PPV0013
ပုံ-KNU
#လူ့အခွင့်အရေး
#ကရင်အမျိုးသားအစည်းအရုံး
#KNU
#ခလယ်လွီထူခရိုင်
#လက်နက်ကြီးပစ်ခတ်မှု
#ထိခိုက်ဒဏ်ရာရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7