ခမ်းသားငေါဝ်း
ဇူလိုင် ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1CP5WfoQgC/
တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနေမှုကြောင့် အင်းလေးဒေသရှိ စားသောက်ဆိုင် လုပ်ငန်းသမားများ တောင်ကြီးသို့ ပစ္စည်းသွားရောက်ဝယ်ယူရန် အခက်အခဲ ကြုံနေရကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတွင်ယခုနှစ် ၂၀၂၅၊ မေလ နောက်ဆုံးပတ်မှစ၍ လိုင်စင်မဲ့ယာဉ်များကိုနေ့စဉ် ရက်ဆက်ဖမ်းဆီးမှုကြောင့် အင်းးလေးဒေသ စားသောက်ဆိုင် ပိုင်ရှင် တချို့လိုအပ်သည့်ပစ္စည်းများ တောင်ကြီးသို့ သွားရောက်ဝယ်ယူရန် အခက်အခဲကြုံနေရသည်။
“လိုအပ်တဲ့ပစ္စည်းတွေ တောင်ကြီးမှာပဲရှိတယ်၊ ဒါပေမယ့် ယာဉ်လိုင်စင်မရှိတာကြောင့် မသွားရဲ၊ သွားမလို့ကြံတော့ ဖမ်းခံရမလားလို့ စိုးရိမ်နေရတယ်” ဟုအင်းလေး ဒေသရှိ ဆိုင်ပိုင်ရှင်တစ်ဦးမှခမ်းသားငေါဝ်းကို ပြောသည်။
တောင်ကြီးသို့ သွားရောက်မဝယ်နိုင်သဖြင့် နီးစပ်ရာညောင်ရွှေစျေးသို့ သွားဝယ်သော်လည်း ပစ္စည်းမစုံသည့် အခက်အခဲလည်းကြုံနေရကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ်၌ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခြင်းသည် တောင်ကြီးမြို့အဝင် လမ်းများအပြင် မြို့အနှံ့ ဖမ်းဆီးနေပြီး လပြည့်၊ လကွယ်နှင့် ကျောင်းပိတ်ချိန် စနေ၊ တနင်္ဂနွေ နေ့တိုင်း ဆက်တိုက်ဖမ်းစီးနေကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#လိုင်စင်မဲ့ယာဉ်
#အင်းလေးဒေသရှိစားသောက်ဆိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7