ခမ်းသားငေါဝ်း

ဇူလိုင် ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1EN4KDubar/

တောင်ကြီးမြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှု၊ ခိုးခံရမှုအပြင် လုယက်မှုများ အဖြစ်များလာကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဇူလိုင် (၁၉)ရက်နေ့ ၌ မင်္ဂလာဦးရပ်ကွက်တွင် ဆေးခန်းလာပြသည့် အမျိုးသမီးနှစ်ဦးထံ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုသွားခြင်း ခံခဲ့ရသည်၊၊

“မနေ့က ညနေ (၅) နာရီကျော်လောက်က အဲ့ မင်္ဂလာဦး ၊ စန္ဒာလမ်း လမ်းလေးဆုံမှာဆေးခန်းလာပြတာ ပိတ်လို့ဆိုပြီးပြန်လာတာ၊ အန်တီနှစ်ယောက်‌ရဲ့ အော်သံကြားလို့ထွက်ကြည့်တာ ဆိုင်ကယ်နဲ့ကောင်လေးက ပိုက်ဆံအိတ်ဆွဲပြေးသွားတာ၊ ပိုက်ဆံ သုံးသိန်းပါသွားတယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

မင်္ဂလာဦးရပ်ကွက်၌ အရင်နှစ်များတွင် ၎င်းဖြစ်စဉ်မျိုး မရှိခဲ့သော်လည်း ယခုနှစ်မှစ၍ ဖြစ်ပွားလာ ကြောင်းလည်းသိရသည်။

“အရင်ကတောင်ကြီးမှာ အဲ့လောက်ကြီးမှ မဆိုးတာ၊ နောက်ပိုင်းမှာ အဲ့လို့တွေဖြစ်လာတယ်၊ မင်္ဂလာဦးဆိုတာ မြို့လမ်းခေါင်းရပ်ကွက်ကြီးကော အဲ့လို့ သိပ်မကြားဖူးပါဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ထို့ပြင် နိုင်ငံရေးအခြေ‌နေကြောင့် စီးပွားရေးလည်း ကျဆင်းကာ လူတိုင်း လုပ်ကိုင်စားသောက်ရန် ခက်ခဲလာသဖြင့် အရင်ကထက် ခိုးဆိုးလုယက်မှုများဖြစ်သည့် မကောင်းသည့် ဒုစရိတ်များလာ၍ နေရာတိုင်း လုံခြုံမှု မရှိ‌‌ကြောင်း ၎င်း ကဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက် နေ့ ၊နေ့လယ် ၂ နာရီ ဝန်းကျင်ခန့်တွင် သစ်တောရပ်ကွက် တောင်ကြီးဟိုတယ် အနီးတွင် မိန်းကလေးငယ်တစ်ဦး ပိုက်ဆံအိတ် လုယက်ခံရပြီး လက်ကိုင်ဖုန်း ၊ မှတ်ပုံတင် နှင့် ငွေသားများပါသွားသည့် ဖြစ်စဉ်မျိုးလည်းရှိခဲ့ပါသည်။

PPV0013
ပုံ-ခမ်းသားငေါဝ်း
#မှုခင်း
#တောင်ကြီးမြို့
#မင်္ဂလာဦးရပ်ကွက်
#ဆေးခန်းလာပြသည့်အမျိုးသမီးနှစ်ဦ
#အမျိုးသားတစ်ဦး
#ဆိုင်ကယ်ဖြင့်ပိုက်ဆံအိတ်လုသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7