ခမ်းသားငေါဝ်း
ဇူလိုင် ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1ATSzczgzE/
တအာင်းတပ်မတော်(PSLF/TNLA) ထိန်းချုပ်ထား သည့် သီပေါမြို့ကို စစ်ကောင်စီတပ်မှ မနေ့ည သန်းခေါင်ယံ ထပ်မံ လေယာဉ်ဖြင့် ဗုံကြဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ သီပေါမြို့ကို မနေ့ ဇူလိုင် (၁၉)ရက်နေ့ ည ၁၁နာရီခွဲ ကျော်အချိန် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ထပ်မံ ကြဲချခဲ့သည်။
“မနေ့တုန်းကည ၁၁နာရီ ၄၀ ဝန်းကျင်မှာ နှစ်နေရာချသွားတယ် ၊ သုံးကြိမ်ပတ်ပြီးတော့ နှစ်ကြိမ်ချသွားတယ်၊ နေရာက မိန်းကလေးကျောင်း အမှတ်(၁)အ ခြေခံပညာမူလွန်ကျောင်း ရယ်၊ ထောင်ကြီးထဲမှ တစ်လုံးကြတယ် အဲ့တစ်လုံးက မပေါက် သေးဘူးပြာတယ် သုံးလုံးချတယ်” ဟု ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီတပ်မှ ဗုံးသုံးလုံးကြဲချခဲ့ပြီး လူနေအိမ်အပါ ကျောင်း၏ အဆောက်အအုံ ထိခိုက်ခဲ့ပြီး လူထိခိုက် မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် (၁၄)ရက်နေ့တွင်လည်း သီပေါမြို့တောင်မြို့ရပ်ကွက် ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅)အိမ်လည်း ဗုံးထိမှန်ပျက်စီးသွားကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျောက်မဲခရိုင်
#သီပေါမြို့
#လေယာဉ်ဖြင့်ဗုံးကြဲချ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7