ခမ်းသားငေါဝ်း

ဇူလိုင် ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1Aw46zxrwC/

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ် အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ စစ်မှုမထမ်းမနေရ အမိန့်ဖြင့်အတင်းအဓမ္မစစ်မှုထမ်းခေါ်ထားသော အပတ်စဉ် (၈) တပ်သား (၂) ဦးနှင့် အပတ်စဉ် (၅) တပ်သား(၂) ဦးမှ လက်နက်များနှင့်အတူ အလင်းဝင်ကြောင်း ယမနေ့တွင် KNU မှထုတ်ပြန်ထားသည်။

၎င်း လက်နက်ချအလင်းဝင် တပ်သားသည် ခမရ−၂၀ (ညောင်လေးပင်)နှင့် ခမရ ၅၈၁ (ကော့သောင်း)တို့မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် အလင်းဝင်ခဲ့ ကြောင်းဖော်ပြထားသည်။

အဓမ္မစစ်မှုထမ်း အပတ်စဥ် (၈) တပ်သား နှစ်ဦးမှ MA – 11 နှစ်လက် နှင့် အပတ်စဥ် (၅) တပ်သား နှစ်ဦးမှ MA-2၊ MA-11 တစ်လက် ကျည်ဘောက် ၈ ခုနှင့်အတူကျည်ဆံများ ယူဆောင်ကာ အလင်းဝင်ခဲ့ ကြောင်းသိရသည်။

၎င်းအလင်းဝင်တပ်သားများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) မှ ကြိုဆိုခဲ့ပြီး (၁) ဦးကို ဆုကြေးငွေ (၁၀) သိန်း ချီးမြင့်ခဲ့ ကြောင်း KNU မှ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့လက်နက်ချအလင်းဝင်လာသူများအားKNU တပ်မှ ကြိုဆိုလျက်ရှိပြီး အတင်းအဓမ္မစုဆောင်းခံရသော တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန် ထမ်းဆောင်ခြင်းမပြုဘဲ မိမိတို့တာဝန်ကျရာ နယ်မြေအနီးရှိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ထံသို့ လက်နက်ချ အလင်းဝင်ရန် တိုက်တွန်းနှိုးဆော် ထားပါသည်။

PPV0013
ပုံ-KNU
#လူ့အခွင့်အရေး
#ကရင်အမျိုးသားအစည်းအရုံး
#KNU
#ခလယ်လွီထူခရိုင်
#လယ်ဒို မြို့နယ်
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် #K.N.L.A
#စစ်မှုမထမ်းမနေရ
#အတင်းအဓမ္မစစ်မှုထမ်းခေါ်ထား
#လက်နက်များနှင့်အတူအလင်းဝင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7