ခမ်းသားငေါဝ်း
ဇူလိူင် ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/174Boe4nAw/
ရှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲနေရာယူ ထားပြီး ထမင်းထုပ်များပို့ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်သားများသည် ကျေးရွာရှိ ပြည်သူနေအိမ်များသို့ ဝင်ရောက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေပြီး ၎င်းတို့ တပ်စွဲရာနေရာသို့ ပြည်သူများ နေ့စဉ်ထမင်းထုပ်ပို့ခိုင်းနေကြောင်းသိရသည်။
“ဒီရက်ပိုင်း စစ်ကောင်စီ တပ်သားတွေ အရမ်းဝင်တယ်။ ရွာမှာ အသက်တောင် သိပ်မရှုရဲဘူး။ သူတို့တပ်လာစွဲထားလို့။ ထမင်းထုပ်လည်း ပို့ခိုင်းတယ်။ သူတို့ကို ရှောင်ပြေးရင် ပြစ်မယ် ဘာညာ ခြိမ်းခြောက် ထားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ်သား ဝင်ရောက်စစ်ကြောင်းထိုးနေပြီး ပြည်သူများကြောက်လန့်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာသည်မှာ လွန်ခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ကဖြစ်ပြီး ကျေးရွာနေ ပျူစောထီးများက ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်တွင်လည်း ရွာငံမြို့နယ် တပင်ပျော်ကျေးရွာတွင် စစ်တပ်ထောက်ခံ ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး စစ်တပ်မှလည်း နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေကြောင်း သိရသည်။
#ppv008
#Humanright
#ရွာငံ
#စစ်ကောင်စီတပ်စွဲနေရာယူ
#ထမင်းထုပ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်