ခမ်းသားငေါဝ်း
ဇူလိူင် ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1BCgKWZC1m/

ခမ်းသားငေါဝ်းသတင်းဌာနတွင် “သူကြီးငွေကောက် ခြင်း” သတင်းနှင့်ပတ်သက်ပြီး ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာအတွင်း ရွာသားများက တုံ့ပြန်ရှင်းလင်းချက်များ ပြုလုပ်လိုက်ကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမရွာတွင် သူကြီးငွေကောက်ခြင်းနှင့်ပတ်သက်ပြီး ဇူလိူင် ၁၈ ရက်ကခမ်းသားငေါဝ်းမှသတင်းဖော်ပြခဲ့ပြီး ထိုညတွင်ပင် ရွားသားများအစည်းဝေးလုပ်ပြန်လည်ရှင်းလင်းခဲ့ကြောင်းသိရသည်။

ရွာသားများပြန်လည်ရှင်းလင်းရာတွင် ရွာသူကြီးခွန်မြင့်လွင်နှင့်လက်ထောက်ခွန်အောင်သာတို့ ကိုယ်တိုင်ငွေကောက်ခြင်းမဟုတ်ဘဲ ရပ်ရွာအကျိုးမအားမလပ်ဆောင်ရွက်ပေးခြင်းကြောင့်ရွာသားများအားနာပြီး ကျောင်းတကာအဖွဲ့နှင့်ရွာသားစုပြီးတိုင်ပင်လုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

“ရွာသူကြီးကိုယ်တိုင်က ငွေကောက်ခြင်း၊ ကိုယ်ကျိုးတစ်စုံတစ်ရာ ရယူခြင်း မရှိပါဘူး။ ရွာအကျိုးအတွက် အလုပ်လုပ်ပေးတဲ့သူကြီးကိုကျေးဇူးတင်လွန်းလို့သူကြီးဆန္ဒမပါဘဲ ရွာသားသဘောတူညီချက်အရ ကူညီထောက်ပံ့လိုက်တာပါ” ဟု ရွာလူပျိုခေါင်းဆောင်၏လက်ထောက်တဦးကခမ်းသားငေါဝ်းကို ပြောသည်။

ဆောင်ပြောင်းရွာမရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး စစ်ရေးအန္တရာယ်မြင့်မားသော ဒေသတစ်ခုဖြစ်နေဆဲကြောင့် ရွာသူကြီးလုပ်ပေးမည့်သူလည်း ရှားပါးကြောင်းဆိုသည်။

ငွေကောက်သည့်ကိစ္စသည်လည်း ရွာတွင်အစည်းဝေးလုပ်ပြီး စစ်ရှောင်ပြည်သူများထောက်ပံ့ကြေးရသည့်အထဲမှ သူကြီးအတွက် ခွဲပေးကြခြင်းဖြစ်ပြီး မဖြစ်မနေထည့်ရမည်မဟုတ်ကြောင်းလည်းဆိုသည်။

“သူကြီးကိုကူညီဖို့ကိစ္စက မထည့်မနေရမဟုတ်ဘူး အစည်းဝေး မှာတုန်းက စေတနာရှိမှလုပ်ကြမယ်လို့အားလုံးသဘောတူထားတာ၊ ရွာရဲ့အခြေအနေက လူတိုင်းအခက်ခဲကိုယ်စီနဲ့ အပြန်အလှန် ကူညီချင်တာကြီးပဲ”ဟု လူပျိုခေါင်းလက်ထောက်က ရွာမရွာ ကိုယ်စားပြုသည်ဟု ဆက်ပြောသည်။

ငွေကောက်သည့်သတင်း တင်လိုက်ခြင်းကြောင့် ဇူလိုင်လ ၁၈ ရက်ည အစည်းဝေးတွင် ကောက်ယူထားပြီးဖြစ်သည့်ငွေကို သူကြီးကပြန်ပေးခဲ့ကြောင်းသိရသည်။

ရွာအစည်းအဝေးတက်ခဲ့သူတဦးက“သူကြီးက မိသားစုအရေးထက် ရွာအရေးကို ဦးစားပေးသူဖြစ်ပြီး ရွာသားတွေအားထားမှု ရှိသူပါ။” ဟု ပြော သည်။

သူကြီးကိုကူညီရန် ရွာသားများအစည်းဝေးလုပ်သဘောတူညီမှုရယူဆောင်ရွက်သော်လည်းအချို့ ဒေသခံများကအခက်ခဲဖြစ်စေကြောင်းသိရသည်။

ဆောင်းပြောင်းရွာတွင် ပြီးခဲ့သည့် မေလက တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသခံနေအိမ် ၂၈၅ လုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

#ppv002
#ဆောင်းပြောင်း
#social
#သူကြီး
#ငွေကောက်ကိစ္စ
#ရွာသားရှင်းလင်း

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home