ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/1AcMtyWYYZ/

အောင်ပန်းမြို့နယ်ရှိ ရပ်ကွက် (၃) (၄) ၊ညောင်ပင်ထောင်ရပ်ကွက် အောက်ပိုင်းနှင့် ပြည်သာယာ ဈေး တွင် မိုးကြီးချိန် မကြာခဏ ရေကြီး၊ ရေလျှံမှု ဖြစ်ပွား လေ့ရှိကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့နယ်ရှိ ရပ်ကွက်တချို့တွင် ပြီးခဲ့သည့် နှစ် ရေကြီးမှုကြောင့် ကျန်ရှိခဲ့သည် အပျက်အစီးများသည် မြောင်းထဲတွင် ပိတ်ဆို့နေပြီး ရေထွက်ပေါက်မလုံလောက်ခြင်း၊ အမှိုက်များစည်းကမ်းမဲ့ စွန့်ပစ်ခြင်းများကြောင့် မိုးကြီးချိန် မကြာခဏ ရေကြီးမှုကြုံ‌ နေရသည်။

“ရပ်ကွက် (၃)မှာက ရေတက်တယ်၊ ဆိုးဆိုးရွာရွာတော့မဟုတ်ဘူး၊ အဓိကမြောင်းတွေမဆယ်နိုင် သေးတာ တွေပါတယ်၊ အဲ့တာကြောင့် အရင်က ပြိုကြထားတဲ့ဟာတွေကလည်း ဆယ်တော့လည်း ရုတ်တရက် မိုးကြီးတော့ တောင်ကျ ရေတွေကလည်းများတော့ ဒီဘက်မှာ လာပြီးပိတ်နေတာ အဲ့ကြောင့် ရေတွေက လမ်းပေါ် တွေ ရေတက်လာတာ၊ အဲ့ဆန္ဒမွန် ဆေးရုံး ရှေ့လမ်းဆိုလည်း မနေ့ကတည်းပြည့်သွားတယ်”ဟု အောင်ပန်း ဒေသခံတစ်ဦးမှ ပြောသည်။

ထို့ပြင် ပွဲရုံတချို့တွင်လည်း ချောင်းများအတွင်းစည်းကမ်းမဲ့ အမှိုက်ပစ်မှုများကို မတားဆီးနိုင်သည့် အတွက် မြောင်းတွင် ပိတ်ဆို့သဖြင့် ရေများလမ်းပေါ်သို့ ရောက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ခြင်းအမြဲကြုံနေရကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း အောင်ပန်းမြို့တွင် တောင်ကျရေနှင့် မိုးရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမပေါ် ရေကြီးသဖြင့် အမှတ် ၃ ရပ်ကွက် နှင့် အမှတ် ၄ ရပ်ကွက် ရှိနေအိမ် (၁၀၀)ခန့် နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#အောင်ပန်းမြို့နယ်
#ညောင်ပင်ထောင်ရပ်ကွက်
#ပြည်သာယာဈေး
#မိုးကြီးချိန်မကြာခဏရေကြီး
#ရေလျှံမှုဖြစ်ပွား
#ရေကြီးမှုကြောင့်
#အပျက်အစီးများ
#မြောင်းထဲတွင် ပိတ်ဆို့နေ
#ရေထွက်ပေါက်မလုံလောက်ခြင်း
#အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်ခြင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7