ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/16u9THWtM6/
စံကားဒေ၊ လွယ်နွဲ့ဘုရားတောင်ရွာ ဒေသခံများသည် ရှေ့တန်းတွင်ကင်းမစောင့်ကူဘူးဟုဆိုကာ PNO ပြည်သူ့စစ်က ယခုချိန်ထိ နေရပ်ပြန်ခွင့်မပြုထားကြောင်း ဇူလိုင်လ(၁၇)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဇွန်လပထမပတ်အတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က နယ်မြေအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယခုအခါ၌ဒေသခံများသည် နေရပ်ပြန်လည်နေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။
“အခုက ထီခိုး(ရေပူ)ရွာနဲ့ ညောင်လေးပင်ရွာကလူတွေဆို ကိုယ့်ရွာကိုပြန်နေကြပြီ၊ တစ်ချို့မပြန်သေးတဲ့လူတွေလည်းရှိသေးတယ်၊ တစ်ချို့ကတော့ ဒီဘက်မှာကလေးကျောင်း ထားထားတော့ မိဘတွေကမပြန်သေးဘူး၊ ဒါပေမဲ့ ဘုရားတောင်ရွာက လူတွေတော့ သူများပေးမပြန်သေးဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယခင်ထီခိုး(ရေပူ)ရွာထဲ တော်လှန်ရေးတပ်စွဲနေရာယူထားစဥ်၌ PNO ပြည်သူ့စစ်က စံကားဒေသတွင်းရှိ ဒေသခံပြည်သူများကို အသက်(၁၈)နှစ်မှ (၃၅)နှစ်ကြား မဖြစ်မနေစစ်သင်တန်းတက်ခိုင်းပြီး ရှေ့တန်းစစ်မြေပြင်တွင်လည်း ၎င်းတို့နှင့်အတူ အလှည့်ကျကင်းစောင့်ကူပေးရကြောင်း သိရသည်။
“အရင်က ထီခိုးနဲ့ ညောင်လေးပင်ရွာသားတွေက အလှည့်ကျကင်းစောင့်ကူပေးရတယ်ကော်၊ ဘုရားတောင်ဘက်ကလူလည်း PNO ခေါ်သေးတယ် မလိုက်ကြဘူး၊ တစ်ခြားသူကကင်းစောင့်ကူပေးနေချိန် သူတို့ကအသာအယာလေးနေခဲ့တော့ အခုလည်းသူများရွာပြန်နေကြချိန် သူတို့ပဲပြန်ခွင့်မရသေးတာ” ဟု၎င်းကဆက်ပြောသည်။
လွယ်နွဲ့ဘုရားတောင်ရွာ ဒေသခံများသည် နေရပ်ပြန်ခွင့်မရသေးသဖြင့် ယခုချိန်ထိ နီးစပ်ရာကျေးရွာများတွင်လည်းကောင်း၊ ဆွေမျိုးထံများတွင်လည်းကောင်း ခိုလှုံနေရဆဲဖြစ်ပြီး ငွေရေးကြေးရေးအဆင်မပြေသည့် မိသားစုများက စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အပြင်နေရပ်ပြန်နေနိုင်သည့် ထီခိုး(ရေပူ)ရွာနှင့် ညောင်လေးပင်ရွာတို့သည်လည်း ပြောင်းစိုက်ပျိုးခွင့်မရပဲ ရွာအနီးနားတစ်ဝိုက်တွင်သာ လယ်၊ စပါး၊ ပဲ၊ စသည့်သီးနှံပင်များသာ စိုက်ပျိုးခွင့်ပြုထားကြောင်း သိရသည်။
#PPV007
#Photo: Onlin
#လူ့အခွင့်အရေး
#စံကားဒေ
#လွယ်နွဲ့ဘုရားတောင်ရွာ
#ရှေ့တန်းတွင်ကင်းမစောင့်ကူဘူးဟုဆို
#ယခုချိန်ထိနေရပ်ပြန်ခွင့်မပြုထား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7