ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/15EQ8DFhmK5/

ဒိမောဆို အနောက်ဖက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၁၀ လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံထံမှ သိရသည်။

ကရင်နီပြည် ဒီမောဆိုအနောက်ဖက်ခြမ်းကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင့်ခန့်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၁၀ လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့သည်။

” တခြားဖက်မှာ နေတာတောင်အသံကအကျယ်ကြီးကြားရတာ၊ အနီးမှာဆို ဘယ်လောက်တောင်ကြောက်နေကြမလဲသိဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း အဆောက်အဦးအချို့ထိမှန်ပျက်စီးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁ နာရီဝန်းကျင်အချိန်တွင်လည်း ဒီမောဆိုအနောက်ဖက်ခြမ်းကို စစ်ကောင်စီက လေကြောင့်ဖြင့် ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ကရင်နီပြည် ဒီမောဆိုအနောက်ဖက်ခြမ်း နှင့် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတို့ကို လေကြောင်းတိုက်ခိုက်မှုများမကြာခဏ ပြုလုပ်နေလျက်ရှိသည်။

PPV 003
ပုံ-crd ဖက်ဒရယ် FM
#လူ့အခွင့်အရေး
#ဒိမောဆိုအနောက်ဖက်ခြမ်း
#လေကြောင်းဖြင့်ဗုံးကြဲချ
#ကရင်နီပြည်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7