ခမ်သားငေါဝ်း
ဇူလိုင် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/1BDr45sZWD/

တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ရာ၌ Tablet ဖြင့်ပါ စစ်ဆေးမှု ရှိလာကြောင်း ဇူလိုင်လ(၁၈) ရက်က စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လတိုင်းဧည့်စာရင်း ပုံမှန်တိုင်ကြားရပြီး ဟိုတယ်၊ တည်းခို ခန်းနှင့် ရပ်ကွက်အချို့၌ Tablet ဖြင့်ဧည့်စာရင်း စစ်ဆေးတိုက်စစ်မှု ရှိနေသောကြောင့် စွပ်စွဲဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြောင်း ဒေသခံထံမှ သိရသည်။

“ရပ်ကွက်တိုင်းကို စစ်မယ်လို့လည်း သိရတယ်။အခုက ဟိုတယ်၊ တည်းခိုခန်းနဲ့ ရပ်ကွက်တချို့မှာ စပြီး စစ်ဆေးနေတယ်လို့ကြားတယ်။ ဥပဒေနှင့် မလွတ်ကင်းတဲ့သူတွေကို စစ်တယ်လို့ ပြောပေမဲ့ ဂိတ်တွေမှာ ဖမ်းဆီးရတဲ့သတင်းတွေနဲ့ဆို ကိုယ်က ဘာပြစ်မှုမှကျူးလွန်တာ မရှိလည်းလူငယ်ဆိုတော့ စိတ်ပူနေရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

တောင်ကြီးမြို့ နေထိုင်သူများသည် ဧည့်စာရင်း တိုင်ကြားသည့်အခါ လတိုင်း (၁)ထောင်ကျပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ပေးဆောင်နေရကြောင်း လည်းသိရသည်။

ထို့အပြင် ဧည့်စာရင်းတိုင်ကြားရမည့် ရက်လွန်သည့်အခါ ဒဏ်ငွေ(၂)သောင်းထိပါ ပေးဆောင်ရခြင်းမျိုးရှိကြောင်း ဒေသခံထံမှ သိရသည်။

ဇူလိုင်လထဲတွင်တောင်ကြီးမြို့နယ်အတွင်းရှိ လူငယ်များ ပေါ်တာဆွဲခံရခြင်းများစွာ ရှိကြောင်း သိရပြီး အသွားအလာ သတိဖြင့် သွားလာနေထိုင်ကြရကြောင်း ဒေသခံကအသိပေးပြောကြားသည်။

#PPV0011
#Humanright
#တောင်ကြီး
#ဧည့်စာရင်း
#Tablet

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home