ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/1BzWsAeJs4/
ဆောင်းပြောင်းရွာမ ရွာတွင် ရွာသူကြီးက ၁၅ရက်အတွင်း ငွေနှစ်ကြိမ်ကောက်ခံနေသောကြောင့် ရွာသားများအခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာမ ကျေးရွာတွင် ရွာသားများ စစ်ရှောင်ရာကနေမှ ရွာပြန်လာပြီးနောက် ယခုဇူလိူင်လ ၁၈ ရက်အတွင်းတွင် ငွေ ၃ သောင်းကျပ်ကိုနှစ်ကြိမ် ကောက်ခံနေပြီဖြစ်ကြောင်စသိရသည်။
“ရွာသူကြီး ခွန်မြင့်လွင်နဲ့လက်ထောက် ခွန်အောင်သာတို့ကကောက်နေတာ။ PNOကောက်ခိုင်းတာလည်းမဟုတ်ဘူး သူတို့ကိုသူတို့ကောက်နေတာ။ရွာအခြေနေ မကောင်းဘဲ သူကြီးလုပ်ပေးတဲ့အတွက် ငွေကောက်တာတဲ့ ရွာသားတွေက စစ်ရှောင်ပြီးပြန်လာကတည်းကခြံလည်းမသွားရဘူး ပိုက်ဆံလည်းမရှိဘူး။တစ်ချို့ဆိုအိမ်လည်းမီးရှို့ခံရတယ်။တကယ်အဆင်မပြေဘူး”ဟု ရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဆောင်းပြောင်းရွာမ ကျေးရွာတွင်အိမ်ခြေ၂၀၆ ရှိပြီး ယခုငွေကောက်ခံခြင်းကို မဖြစ်မနေ ထည့်ပေးရမည်ဟုလည်းပြောထားကြောင်း၄င်းကဆက်ပြောသည်။
ပြီးခဲ့သည့် မေလက ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားပြီး ဒေသခံနေအိမ်၂၈၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရသိရသည်။
ပုံ-အွန်လိုင်း
#PPV005
#Humanright
#ဆောင်းပြောင်း
#ငွေကောက်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်