ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/1G3xqVwefc/

နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၇)ရက်အတွင်း သေဆုံးသူ စုစုပေါင်း (၅၄)ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ဇူလိုင်လ(၁)ရက်နေ့မှ ၁၇ ရက်နေ့အထိ သေဆုံးခဲ့ရသည့် (၅၄)ဦးထဲတွင် အမျိုးသမီး(၃၃)ဦး၊ အမျိုးသား (၂၁)ဦး၊ (၁၈)နှစ်အောက် ကလေး(၁၆) ဦး ပါဝင်ကာ စစ်ကိုင်းတိုင်းတွင် (၂၆)ဦးဖြင့် သေဆုံးမှု အများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှု စတင်ချိန်မှ စပြီး ဇူလိုင်(၁၇)ရက်ထိ ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူ သေဆုံးမှု စုစုပေါင်း (၆၉၇၁)ဦး ရှိပြီဟုသိရ သည်။

ရှမ်းပြည်နယ်အတွင်းတွင်လည်း စစ်ကောင်စီမှ မကြာခဏလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပစ်မဲ့ပြည်သူများ သေဆုံးမှု၊ နေအိမ် အဆောက် အဦးများ ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း သိရသည်။

#PPV0011
#Humanright
#စစ်ကောင်စီ
#လေကြောင်း
#လက်နက်ကြီး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home