ခမ်းသားငေါဝ်း
ဇူလိူင် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/16tkmnsctT/

TNLAထိန်းချုပ်သည့်ကျောက်မဲမြို့နယ်ထဲကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် (၆)မိုင်ခန့် ကွာဝေးသည့် ကျူရှောရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဇူလိုင်(၁၈)ရက် နံနက် (၉)နာရီ (၅၉)မိနစ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြို့နဲ့(၆)မိုင်ခန့်ဝေးတယ်။အသံတော့ ကြားရတယ်။ လူကြီးကြီးမားမားထိခိုက်မှုတော့ မရှိဘူး။နေအိမ်ပျက်စီးမှု ရှိတယ်လို့ သိရတယ်ဗျ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီသည် TNLAထိန်းချုပ်သည့် ကျောက်မဲမြို့ကို ပြီးခဲ့သည့် ဇွန်လ(၂၄)ရက်ကစပြီး ယနေ့အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၈)ဦး သေဆုံးပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်တွင်လည်း မိုင်းငေါ့မြို့အနီး စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း TNLAမှ ထုတ်ပြန်ထားသည်။

#PPV0011
#Humanright
#ကျောက်မဲ
#ဗုံးကြဲခံရ
#TNLA

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home