ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1BxXc3m4wz/

စစ်ကောင်စီတပ် အရာရှိများသည် တပ်သားသစ်များကို AA က ပစ်သတ်မည်၊ လည်လှီးသတ်မည်ဟု ဝါဒဖြန့်ထားမှုကြောင့် အလင်းဝင်လိုသော စစ်သားများမှာ မပြေးရဲ၊ အလင်းမဝင်ရဲ ကြောင်းကို အာရက္ခတပ်တော် အလင်းဝင် တပ်သား(၂)ဦး၏ ပြောကြားချက်အရသိရသည်။

အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် အမ်း-ပဒါန်း စစ်မြေပြင်မှတစ်ဆင့် အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှ တပ်သား (၂)ဦးက AA ၏ရုပ်သံမှတ်တမ်းတွင် ထွက်ဆိုချက်အရသိရသည်၊၊

“ဗိုလ်ကြီးမှူးတွေ တပ်ရင်း မှူးတွေပြောတာတော့ မင်းတို့ အလင်းဝင်ခဲ့ရင်လည်း မင်းတို့ကောင်တွေကို ပစ်သတ်မှပဲ လည်လှီးသတ်မယ်၊ မင်းတို့အသက်က ပေးရမှာပဲဆိုပြီးပြောဖူးတယ်”ဟု အလင်းဝင်တပ်သားတစ်ဦးမှ AA ၏ ရုပ်သံမှတ်တမ်းတွင်ပြောဆိုထားသည်။

အလားတူ နောက်ထပ် အလင်းဝင် တစ်ဦးမှာလည်း ယင်းတို့ကို အလင်းဝင်ရင် သတ်မည်ဟု ပြောဆိုခြင်းအပြင် အာရက္ခတပ်တော်ကို အလင်းဝင်ရင်လည်း သတ်ခံရမည်ဟု ပြောသဖြင့် မဝင်ရဲကြကြောင်းပြောဆိုထားသည်။

ထို့ပြင် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီတပ်၏ အရာရှိများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ရှေ့တန်းတွင် အသေခံခိုင်းခြင်းများ၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် အနိုင်ကျင့်ခြင်းများ ကျူးလွန်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်း သင်တန်းများကို လစဉ် ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၁၅ အထိ ရောက်ရှိလာပြီဖြစ် ကြောင်းသိရသည်။

PPV001
ပုံ-AA
#လူ့အခွင့်အရေး
#စစ်ကောင်စီတပ်အရာရှိများ
#တပ်သားသစ်များ
#AA
#လည်လှီးသတ်မည်
#ဝါဒဖြန့်ထားမှု
#အလင်းဝင်လိုသောစစ်သားများ
#အာရက္ခတပ်တော်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed