ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/15iQSDbNCn/

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်အား ထောင်ဝန်ထမ်း စိုးမင်းဆိုသူမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီးနောက် ယနေ့အချိန်ထိ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။

သာယာဝတီထောင်ရှိ အဆောင်မှူးရုံးခန်းတွင် အလုပ်လုပ်သော အခြားအမှုနဲ့ ထောင်ကျနေသည့် အကျဉ်းသားတစ်ဦးနှင့် ရန်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်အား စွပ်စွဲကာ ဇူလိုင်လ ၆ ရက်နေ့မနက်ပိုင်းတွင် ထောင်ဝန်ထမ်း စိုးမင်းဆိုသူက ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကိုအောင်သူထက်အား ပုခုံးအဆစ်ပြုတ်အောင် ရိုက်နှက်ပြီးနောက် အချိန်အတော်ကြာအောင် ဆေးကုသမှု ပေးခြင်းမရှိသည့်အတွက် အခြားနိုင်ငံရေးအကျဉ်းသားများမှ ဝိုင်းဝန်းတောင်းဆိုမှသာ အဆိုပါနေ့၏ နေ့လယ် ၂နာရီအချိန်ခန့်မှသာ ဆေးကုသခွင့်ပေးခဲ့ပြီးနောက် ကိုအောင်သူထက် ကို ပြဿနာရှိသည်ဟုဆိုကာ ခေါ်ယူ တိုက်ပိတ်ထားခဲ့ကြောင်းသိရသည်။

ထောင်အာဏာပိုင်များသည် ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းစိုးမင်းဆိုသူကို အပြင်ထွက်ခွင့်ပိတ်ခြင်းနှင့် သာယာဝတီထောင်၌သာ နေရာပြောင်းခြင်းကိုသာ ပြုလုပ်ခဲ့ပြီးအရေးယူဆောင်ရွက်ခြင်း ယနေ့အထိ မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များရှိ ထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ၊ ရိုက်နှက်မှုများ စသည့် စွပ်စွဲချက်များဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသော်လည်း ထောင်အာဏာပိုင်များက ထိုက်သင့်သည့် အပြစ်ပေး အရေးယူမှုများ မပြုလုပ်ဘဲ လျစ်လျူရှုနေကြကြောင်း PPNM ကဆိုသည်။

ထို့ကြောင့် ထောင်အာဏာပိုင်များအနေဖြင့် ထောင်ဝန်ထမ်းများမှ တရားဥပဒေမဲ့စွာ ရိုက်နှက်မှုများ ပြုလုပ်နေသည့်အပေါ် ရပ်တန့်စေလိုကြောင်း ယင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို PPNM မှသက်သေများနှင့်တကွ စနစ်တကျ မှတ်တမ်းများ ထားရှိပြီး တရားမျှတမှုကို ဖော်ဆောင်သည့်ကာလ၌ ကိုယ်တိုင်တာဝန်ခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

PPV 003
ပုံ- အွန်လိုင်း
#လူ့အခွင့်အရေး
#ပဲခူးတိုင်း
#သာယာဝတီအကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#ထောင်ဝန်ထမ်း
#ရိုက်နှက်
#တိုက်ပိတ်ထား
#မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်
#PPNM
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal –

You missed