ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/1CJvNDH2o1/
ကလောမြို့နယ် သရက်ပုကျေးရွာအကျာ် view point တွင် ကုန်တင်ကားတစ်စီး ဘီးပေါက်၍ အရှိန် မထိန်းနိုင်ဘဲ တိမ်မှောက်ပြီး ယာဉ်မောင်းသမား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် သရက်ပုကျေးရွာ အကျော်ရှိ view point တွင် ယနေ့ နေ့လယ်(၁)နာရီဝန်းကျင် အချိန် ကုန်တင်ကားတစ်စီး ဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲ အိမ်စီးကားများအား ရှောင်ပြီး တောင်၏ ဘယ်ဘက် တောင်ကပယန်နှင့်တိုက်ကာ တိမ်းမှောက်ခဲ့ ကြောင်းနှင့် ယာဉ်မောင်းသမား ဘယ်ဘက် ပေါင်ကျိုးသွား ကြောင်းသိရသည်။
”ခြေထောက်တစ်ဘက်ကျိုးဖို့များတယ် အထိမခံဘူး၊ ပေါင်နားပေါ့ ၊ ဘယ်ဘက်ဖြစ်မယ် ၊ ခြေထောက်ကိုတော့ လုံးဝအထိမခံဘူးသွားကယ်တဲ့အချိန် ၊ သူက စီယာတိုင်နဲ့ညှပ် နေတာ ကံကောင်းတယ်ပြောရမလား ကျွန်တော်တို့တောင် အသေပဲထင်နေတာ” ဟုနာ ရေးကူညီမှုအသင်း (အောင်ပန်း) မှ ခမ်းသားငေါဝ်းကိုပြောသည်။
ယာဉ်မောင်းသမားသည် ဘယ်ဘက်ပေါင်ကျိုးပြီး လက်တွင် ပွန်ပြဲဒဏ်ရာများ ရရှိခဲ့သည့်အပြင်ကုန်တင်ကားတွင် ပါလာသည့် ပစ္စည်းနှင့် ကားသည် အားလုံးနီးပါး ပျက်စီးသွားကြာင်း သိရသည်။
“ကားက ဘရိတ် ပေါက်ပြီးတော့မှာ အိမ်စီးကား တွေကို ရှောင်ပြီး ယူကလစ် တောကိုကျော်ဝင်သွားတာ ကားကရစရာမရှိတာ့ဘူး၊ ဒီတိုင်းကြည့်လိုက်ရင်တော့ ကားသမား သေနိုင်တယ်၊ဒါမဲ့ကံကောင်းတယ် မသေဘူး” ဟု ၎င်းဆက်ပြောသည်။
၎င်း ယာဉ်မောင်းသမားကို အောင်ပန်းနာရေးကူညီမှုအသင်းမှ ကားတိမ်းမှောက်သည့်နေရာကနေ ဟဲဟိုးပြည်သူဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရပါသည်။
PPVOO13
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#ကလောမြို့နယ်
#သရက်ပုကျေးရွာ
#ကုန်တင်ကားတစ်စီး
#ဘီးပေါက်
#အရှိန်မထိန်းနိုင်ဘဲတိမ်မှောက်
#ယာဉ်မောင်းသမားပြင်းထန်ဒဏ်ရာရရှိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7