ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/15uBKtgkuZ/
မွေတော်ကက္ကူအနီး ပင်စုံရွာအဆင်းလမ်းတွင် မနေ့ဇူလိုင်(၁၅)ရက်နေ့တွင် တွဲကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၍ အသက်(၁၈)အောက် ကလေး(၂)ဦးအပြင် ကားစပီယာ(၁)ဦးသေဆုံးခဲ့ကြောင်း ဖြစ်စဉ် သိရှိသူထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် မွေတော်ကက္ကူဘုရားအနီးပင်စုံရွာ ကုန်းအဆင်းလမ်းတွင် မနေ့ မနက် (၁၀)နာရီဝန်းကျင်အချိန် ဆန်အိတ်တင်လာသည့် တွဲကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၍ ဆိုင်ကယ်သည်တွဲကားနှင့်ချိတ်ပါသွားသဖြင့် လူငယ် (၂)ပွဲချင်းပြီးသေဆုံးကြောင်းနှင့် ကားစပီယာ(၁)ဦးလည်း သေဆုံးသွားသည်။
“သုံးယောက် သေတယ်၊ ကားစပီယာ တစ်ယောက် သေတယ်၊ဆိုင်ကယ်သမား နှစ်ယောက်သေတယ် ၊ ကျောင်းနေတဲ့တစ်ယောက်က ၈ တန်းတဲ့ အသက်က ၁၅ နှစ်၊ နောက်တစ်ယာက်က တော့ ကျောင်းမနေဘူး၊ ကားက ဘရိတ် ပေါက်တာ ဆိုင်ကယ်ကချိတ်သွားတယ်”ဟု ဖြစ်စဉ်သိရှိသူ တစ်ဦးမှ ပြောသည်။
၎င်းတွဲကားမောင်းလာသူသည် ဒဏ်ရာ ပြင်းထန်ရရှိသဖြင့် အခင်းဖြစ်ပွားသည့် နေရာမှ တောင်ကြီး စဝ်းစံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ပင်စုံရွာလမ်း အဆင်းသည် ကုန်းရှည်သဖြင့်တချို့ကားသမားများသည် နယ်ခံမဟုတ်သည့်အတွက် လမ်းအကြောင်း သေချာ မသိကာ မောင်းနှင်ခြင်းရှိကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။
“သူတို့ကကုန်းအဲ့လောက်မရှည်ဘူးလို့ပဲထင်ပြီး ဒီတိုင်း မောင်းလာကြတယ်ထင်တယ်၊ ကုန်းကအရှည်ကြီးဆို ဘယ်လို့ ဖြစ်ဖြစ် ဘရိတ် ပေါက်တာတို့ဖြစ်နိုင်တယ် တချိန်လုံး ဘရိတ်သုံးတော့လေ၊ကျွန်မတို့လည်းသွားမကြည့်ရဲဘူး သူများတွေ ပြောတာပဲကြားရတာ၊ ဓာတ်တိုင်တော့တိုက်မိတယ် အဲ့ကြောင့် မီးမလာဘူးပေါ့”ဟု ဒေသခံတစ်ဦးမှပြာသည်။
အဆိုပါ သေဆိုဆုံးသွားသည့် လူငယ် နှစ်ဦးသည် ကျောက်တလုံးကြီးမြို့နယ် ရှိ ထီရီးတောင်ရွာ မှ ရွာသားများဖြစ် ကြောင်းနှင့် ၎င်းပင်စုံရွာအဆင်းလမ်းသည် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွါးသည့် နေရာလည်း ဖြစ်ကြောင်းသိရသည်။
PPV0013
#မှုခင်း
#တောင်ကြီးမြို့နယ်
#မွေတော်ကက္ကူဘုရားအနီး
#ပင်စုံရွာ
#ကုန်းအဆင်းလမ်း
#တွဲကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7