ခမ်းသားငေါဝ်း

ဇူလိုင် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1EwginHdB1/

နောင်ချို ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အနည်းငယ်အေးချမ်းစပြုလာသည့် လားရှိုးမြို့သို့ လာရောက် စစ်ဘေးရှောင်ကြသူများကို ဒေသခံများက ဝိုင်းဝန်းအကူအညီပေးကြကြောင်း ဇူလိုင် (၁၆)ရက်တွင် သိရသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လာရောက် စစ်ဘေးရှောင်ကြသည့် နောင်ချို ကျောက်မဲ စစ်ဘေးရှောင်များကို လားရှိုးဒေသခံများက အိမ်ခန်း ပုံမှန်ဈေးထက် လျှော့ပြီးဌားပေးခြင်း၊ (၆)လထိ အခမဲ့ နေထိုင်ခိုင်းခြင်း၊ အစားအသောက်များ နိုင်သမျှ လှူတန်းပေးခြင်းဖြင့် ကူညီဖေးမကြကြောင်း သိရသည်။

“အများစုက နောင်ချိုကများတယ်။ သူတို့ဆို သီပေါမှာ အရင်ရှောင်ကြတယ်။အဲ့မှာ အခြေအနေမကောင်းပြန်တော့ လားရှိုးမှာ ပြန်ရှောင်လာကြရတယ်။ ပါလာသမျှလည်း ကုန်ပြီပြောတယ်။ ကျွန်မတို့လည်း အရင်က စစ်ဘေးရှောင်ကြရသူချည်းမို့ အရမ်းကိုယ်ချင်းစာတယ်။ နိုင်သမျှ ကူညီကြတယ်။ အခုဆို အိမ်ခန်း (၁၆)ခန်းတို့ ပါတဲ့ဟာတွေ အခမဲ့ (၆)လအထိ ပေးနေကြတယ်”ဟု ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း (၁၀၂၇)စစ်ဆင်ရေး ဒုတိယလိုင်းတွင် လားရှိုးမြို့ဒေသခံများ နီးစပ်ရာမြို့သို့ စစ်ဘေးတိမ်းရှောင်ကြရပြီး စစ်ဘေးရှောင်မှန်းသိလျှင် ခွဲခြားခံရခြင်း၊ ဈေးအဆမတန်တင်ပြီး အိမ်‌ခန်းဌားခြင်း စသည့် အခဲခက်များစွာ ခံစားခဲ့ကြရကြောင်း ဒေသခံက ပြောသည်။

“အဓိကတော့ မကောင်းတဲ့ပွဲစား တချို့ကြောင့် ပေါ့နော်။ဒီလို ဒုက္ခကို ကောင်းကောင်းခံစားခဲ့ကြရပြီမို့ အခု အကောင်းဆုံးမဟုတ်တောင် တတ်နိုင်သမျှ ကူညီကြမယ်။ ဒီစစ်ပွဲအမြန်ပြီးဆုံးပြီး မိမိဒေသရပ်ရွာကို အေးချမ်းစွာ ပြန်နေကြရဖို့ ဆုတောင်းတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ‌နောင်ချိုမြို့နယ်တွင် လက်ရှိအထိ စစ်ကောင်စီနှင့် TNLAတို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောင်ချိုမြို့ထဲထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ‌TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်အတွင်း မကြာခဏ လေကြောင်းဖြစ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအများစု စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#စစ်ဘေးရှောင်
#နောင်ချို
#ကျောက်မဲ
#အခမဲ့နေထိုင်ခိုင်းခြင်း
#အစားအသောက်များနိုင်သမျှလှူတန်းပေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed