ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1WXaAGbCRD/

စစ်ကောင်စီတပ်၏ ပြင်းထန်သည့်ထိုးစစ်ဆင်မှုကြောင့် မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာသည့်အတွက် ဇူလိုင်လ (၁၅)ရက်နေ့တွင်PSLF/TNLAအနေဖြင့် နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို အခြားလုံခြုံသည့်နေရာသို့ပြောင်းရွေ့ကာ လူထုဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်ပြုလုပ်ထားကြောင်း TNLA ကထုတ်ပြန်ထားသည်။

နောင်ချိုဒေသတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုကြောင့်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA အကြား ၂၀၂၅ခုနှစ် မေလမှ ဇူလိုင်လ (၁၅)ရက်နေ့အထိ တိုက်ပွဲ(၃၁၉)ကြိမ်အထိပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု (၁၆၂)ကြိမ် ၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု (၄၆၉၂)ကြိမ် နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု (၁၈၆) ကြိမ်တို့ကိုပြုလုပ်ခဲ့ပြီး ယနေ့အထိ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဆိုသည်။

နောင်ချိုမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် တိုက်ပွဲကြားတွင် မိဘပြည်သူထုလူများကြားညှပ်မပိတ်မိစေရန် လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြရန်နှင့်လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရန်လိုအပ်ကြောင်း TNLA ကအသိပေးထားသည်။

TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့တစ်ခုလုံးကို သီတင်းသုံးပတ်ကြာထိုးစစ်ဆင်ပြီး ယနေ့ (ဇူလိုင်လ ၁၆ ) ရက်နေ့မနက်ပိုင်းတွင် ငှာနဆိုင်ရာရုံးများအပါအဝင် မြို့တစ်ခုလုံးပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီဖက်က ဖော်ပြထားသည်။

PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#ပြင်းထန်သည့်ထိုးစစ်ဆင်မှု
#မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ
#ဆက်လက်ဆောင်ရွက်ရန်ခက်ခဲလာ
#PSLF/TNLA
#နောင်ချိုမြို့ပေါ်
#အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများ
#အခြားလုံခြုံသည့်နေရာသို့ပြောင်းရွေ့
#လူထုဝန်ဆောင်မှုလုပ်ငန်းများ
#TNLA

You missed