ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1C8AkP1GwR/

နောင်ချိုမြို့တစ်ခုလုံးကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်သွားပြီ ဖြစ်ကြောင်း ယနေ့ ဇူလိုင် (၁၆)ရက်တွင် စစ်ကောင်စီထောက်ခံသည့်ချန်နယ်များ၌ ဓာတ်ပုံနှင့်တကွ ‌ဖော်ပြလာသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တစ်ခုလုံးကို သီတင်းသုံးပတ်ကြာ ထိုးစစ်ဆင်ပြီး ယနေ့နံနက်ပိုင်းမှာ ဌာနဆိုင်ရာရုံးများအပါအဝင် မြို့တစ်ခုလုံး ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

“တိတိကျကျမသိရသေးပေမဲ့ နောင်ချိုမြို့ ပြန်ကျသွားတယ်ဆိုတာတော့ သေချာသလောက် ဖြစ်နေတယ်။ တိုက်ပွဲတော့ မငြိမ်သေးဘူး”ဟု ဒေသခံသတင်းရင်းမြစ်က ခမ်းသားငေါဝ်းကို ပြောသည်။

နောင်ချိုမြို့ပြင် ကျေးရွာများတွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကောင်စီထောက်ခံသည့် ချန်နယ်မှ “အင်အားခြောက်ထောင်ကျော်ဖြင့် TNLA, DPLA, AA, PDFပူးပေါင်း အင်အား တစ်သောင်းကျော်ကို ထိုးစစ်ဆင် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်”ဟု ဖော်ပြထားသည်။

နောင်ချို တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး TNLAမှ တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မတွေ့ရသေးပါ။

စစ်ကောင်စီသည် တောင်ခမ်းဒေသဖက်မှ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#စစ်ရေး
#နောင်ချိုမြို့
#ပြန်လည်ထိန်းချုပ်နိုင်
#စစ်ကောင်စီထောက်ခံသည့်ချန်နယ်
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed