ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1BQaCwyK4z/
သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင့် ယနေ့ တွင် TNLA မှထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ညနေ ၆ နာရီ အချိန် တောင်မြို့ရပ်ကွက်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် နေအိမ် (၅)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်နေ့တွင်လည်း မိုးကုတ်မြို့ ၊ ပန်းမထိပ်ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးကြဲချ၍ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၆)လုံး ထိခိုက်ပျက်စီးခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ၏သတင်းနှင့်ပြန်ကြားရေးဌာနမှထုတ်ပြန်ထားသည်။
PPVOO13
ပုံ-TNLA
#လူ့အခွင့်အရေး
#သီပေါမြို့
#လေကြောင်းဖြင့်ထပ်မံဗုံးကြဲ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7