ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/19KMKqnq1G/
လွယ်မောင်းရွာတွင် တောင်ကျရေနှင့်အတူ ကျောက်တုံး၊မြေများပါလာသဖြင့် ရွာသားနေအိမ်များစွာ တစ်ဝက်မြေမြုပ်သွားပြီး ရွာသားများလည်း တိမ်းရှောင်နေရကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်မောင်းကျေးရွာ ယခုတစ်ပတ်အတွင်းတွင် မိုးကြီးသောကြောင့် တောင်ကျရေနှင့်အတူ ကျောက်တုံး၊ မြေ၊ သဲများ ပါလာပြီး ရွာသားနေအိမ်ထဲတွင် ဝင်ရောက်လာသဖြင့် ရွာသားများ တိမ်းရှောင်နေရသည်။
“မိုးကြီးတော့ ကျောက်တုံးတွေမြေတွေပါလာတာ။ လူတစ်ယောက်မှတော့ထိခိုက်မှုမရှိဘူး။ မိုးရွာရင်တော့ကျောက်တုံးတွေ လိမ့်ကျလာမှာစိုးရိမ်ရတယ်။ခုလည်းမိုးတွေရွာနေတော့ ရေတွေ ရောက်နိုင်တဲ့အိမ်ဆိုမပြန်သေးဘူး။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ရွာသားများသည် ဘေးကင်ရာထင်သည့် ရွာထဲ အမျိုးအိမ်နှင့်ပင်လောင်းမြို့တို့တွင် ခေတ္တရှောင်နေရကြောင်းသိရသည်။
လွယ်မောင်းတောင်သည် ပင်လောင်းမြို့နယ်ထဲတွင်အရှည်ဆုံး တောင်ဖြစ်ပြီး ကျေးရွာသည်လည်း တောင်စောင်းပေါ်တွင် ရှိသောကြောင့် မိုးရွာသည့်အခါ တောင်ကျရေးဒဏ် အပြင်အထန်ခံရသောကျေးရွာဖြစ်သည်။
ပြီးခဲ့သည့် မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်သောအင်အားပြင်းငလျင်ကြောင့်လည်း လွယ်မောင်းရွာ ဘုန်ကြီးကျောင်း ထိခိုက်သွားပြီး ဖြိုချခဲ့ရကြောင်းသိရသည်။
#PPV005
ပုံ-Cj
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#လွယ်မောင်းကျေးရွာ
#မိုးကြီးသောကြောင့်
#တောင်ကျရေ
#ကျောက်တုံး
#မြေ
#သဲများပါလာ
#ရွာသားများတိမ်းရှောင်နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7