ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/16ReWgg7h7/
နောင်ချို-ကျောက်မဲဘက်သွားသည့် ဂုတ်တွင်းတံတားသစ် ဇူလိုင်(၁၄)ရက်တွင် ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လက်ရှိ စစ်ကောင်စီနှင့် TNLAတို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း သိရသည်။
“အသစ်ဆောက်လုပ်ထားတဲ့ တံတား မိုင်းခွဲခံရခြင်းကြောင့် ကျိုးသွား ဟုတ်ပါတယ်။ အဲ့ဖက် လမ်းပိတ်ထားဒါတော့ကြာပြီ၊၊ စစ်ရေး အခြေအနေကြောင့် လုပ်ရခြင်းလို့ မြင်ပါတယ်။ တံတားဟောင်းဘက် သွားလာလို့ရအောင် ပြန်လည်ပြုပြင်လို့ရလောက်ပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါတံတားကို TNLA မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းမြောက် နိုင်ငံရေးလေ့လာသုံးသပ်နေသူက ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် စစ်တပ်ထောက်ခံအားပေးသည့် တယ်လီဂရမ်ချန်နယ်တွင်လည်း TNLA၊ ဓနု PDFနှင့် မန္တလေး PDFတို့ ဆုတ်ခွာရန် လမ်းကြောင်း ဖြစ်သည့် ဂုတ်တွင်း တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ထိုတံတားအား မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းအား နှစ်ဦးနှစ်ဘက်ထုတ်ပြန်ထားခြင်းမရှိသလို မည်သည့်အဖွဲ့ကဖျက်ဆီးခဲ့ကြောင်းအား စုံစမ်းနေဆဲဖြစ်သည်၊၊
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်း၊ ကျောက်ကြမ်း ကျေးရွာတို့မှာ စစ်ကောင်စီနှင့် TNLAတို့ကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း TNLAမှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နောင်ချို
#ကျောက်မဲ
#ဂုတ်တွင်းတံတားသစ်
#ဖျက်ဆီးခံခဲ့ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7