ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1AZmvep4PC/
ဒီမောဆိုအနောက်ဖက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ကရင်နီပြည်နယ် ဒီမောဆိုအနောက်ဖက်ခြမ်းကို ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
” မနက် ၁ နာရီ နဲ့ ၁ နာရီခွဲ ကြားလောက်မှာပဲ ၃ ကြိမ်ကြဲသွားတာ၊ ဗုံးကြဲတာတော့ ၄ လုံး ၅ လုံးလောက်ရှိတယ်၊ အိပ်ပျော်နေတဲ့ချိန်လည်းဖြစ်နေတော့ လေယာဥ်သံကမကြားလိုက်ဘူး၊ ကျကွဲတဲ့ချိန်မှ အရမ်းလန့်သွားတာ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားပြီး၊ အဆောက်အအုံ နှင့် ကားတစ်စီးထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင်လည်း ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံမြို့ အနောက်ဖမ်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၄ နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပြီး ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
PPV 003
#လူ့အခွင့်အရေး
#ကရင်နီပြည်နယ်
#ဒီမောဆိုအနောက်ဖက်ခြမ်း
#လေကြောင်းဖြင့်ဗုံးကြဲချတိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7