ခမ်းသားငေါဝ်း
ဇူလိူင် ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/16wETM8ZSf/

မွေတော်ကက္ကူဘုရားအနီး ပင်စုံရွာအဆင်းလမ်း တွင် တွဲကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်၍ အသက်(၁၈) အောက် ကလေး(၂)ဦးအပါ ၃ ဦး သေဆုံးခဲ့ကြောင်းဖြစ်စဉ် သိရှိသူထံမှသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မွေတော်ကက္ကူဘုရား မြောက်ဘက်ရှိ ပင်စုံရွာ ကုန်းအဆင်းရှည် လမ်းတွင် ဇူလိုင်(၁၅) ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်အချိန်က ဆန်အိတ်တင်လာသည့် တွဲကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွား၍ ဆိုင်ကယ်သည်တွဲကားနှင့်ချိတ်ပါသွားသဖြင့် လူငယ် (၂)ပွဲချင်းပြီးသေဆုံးသလို ကားစပယ်ယာ(၁)ဦးလည်း သေဆုံးသွား ကြောင်းသိရပါသည်။

“သုံးယောက် သေတယ်၊ ကားစပယ်ယာ တစ်ယောက်၊ဆိုင်ကယ်သမား နှစ်ယောက်၊ ကျောင်းနေတဲ့တစ်ယောက်က ၈ တန်းတဲ့ အသက်က ၁၅နှစ်၊ နောက်တစ်ယောက် ကတော့ ကျောင်းမနေဘူး၊ ကားက ဘရိတ်ပေါက်တယ်၊ ဆိုင်ကယ်ကိုချိတ်သွားတယ်”ဟု ဖြစ်စဉ်သိရှိသူ တစ်ဦးမှ ပြောသည်။

၎င်းတွဲကားမောင်းလာသူသည် ဒဏ်ရာ ပြင်းထန်ရရှိသဖြင့် အခင်းဖြစ်ပွားသည့် နေရာမှ တောင်ကြီး စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရပါသည်။

ထို့ပြင် ပင်စုံရွာလမ်း အဆင်းသည် ကုန်းဆင်းရှည်သဖြင့်တချို့ကားသမားများသည် နယ်ခံမဟုတ်သည့်အတွက် လမ်းအကြောင်းသေချာမသိ မောင်းနှင်နေကြကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

ဒေသခံတစ်ဦးက”သူတို့ကကုန်းအဲ့လောက်မရှည် ဘူးလို့ပဲထင်ပြီး ဒီတိုင်း မောင်းလာကြတယ်ထင်တယ်၊ ကုန်းက အရှည်ကြီးဆို ဘယ်လိုဖြစ်ဖြစ် ဘရိတ် ပေါက်တာတို့ဖြစ်နိုင်တယ် တချိန်လုံး ဘရိတ်သုံးတော့ လေ၊ ဓာတ်တိုင်လည်းတိုက်မိတယ် အဲ့ကြောင့် မီးတော့ မလာဘူး ပေါ့”ဟုပြော သည်။

အဆိုပါ သေဆုံးသွားသည့် လူငယ် နှစ်ဦးသည် ကျောက်တလုံးကြီးမြို့နယ် ရှိ ထီရီးတောင်ရွာ မှ ရွာသားများဖြစ် ကြောင်းနှင့် ၎င်း ပင်စုံရွာအဆင်းလမ်းသည် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွါးသည့် နေရာလည်း ဖြစ်ကြောင်းသိရပါသည်။

photo online
#ppv013
#ယာဥ်တိုက်မှု
#ကက္ကူ
#ပင်စုံရွာအဆင်း
#ရှမ်းတောင်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home