ခမ်းသားငေါဝ်း
ဇူလိုင် ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/16zQmGuWDw/
တောင်ကြီးမြို့၊ရေအေးကွင်းရပ်ကွက်ရှိ လူနေအိမ်အတွင်း ဆိုင်ကယ်တစ်စီးရပ်ထားသည်ကို အိမ်ထဲထိ ဝင်ခိုးခံရကြောင်း ဒေသခံဆီမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ရေအေးကွင်း ရပ်ကွက်တွင် ဇူလိုင်လ (၁၂)ရက်နေ့ ညနေပိုင်း မိုးကြီးချိန် အိမ်ထဲ၌ ရပ်ထားသည့်ဆိုင်ကယ်ကို အိမ်ထဲထိ ဝင်ခိုးခံရကြောင်း သိရသည်။
“အဲ့အိမ်ထဲမှာပဲ ရပ်ထားတာ ၊ ဒီနေ့ဆိုနှစ်ရက်ရှိပြီးပါ့ ၅ နာရီခွဲ နောက်ပိုင်းမိုးတအားရွာတဲ့အချိန် မှာ အိမ်ထဲမှာပဲရပ်ထားတာ အိမ်ထဲ မှာပဲလာယူသွားတာ မသိလိုက်ဘူး၊ ကျွန်တာ်တို့က ကိုယ်ပိုင်လမ်း ရှိတယ် ကိုယ်ပိုင်လမ်းက ၁၄ ပေ၊ ပေ ၅၀ က ကိုယ်ပိုင်လမ်း ဝင်လာရင် ပေ ၅၀ လာက်မှာ ဆိုင်ကယ်က ထားထားတာ သော့လည်းခတ်ထားတယ် ၊ ရှေ့မှာတော့ တံခါးရှိတယ် အဲ့တာကို သူခိုးက အိမ်ထဲ ပေ ၅၀ လောက်ဝင်လာပြီး ခိုးသွားတာ”ဟု ဒေသခံတစ်ဦးမှပြာသည်။
၎င်းပျောက်ဆုံးသွားသည့်ဆိုင်ကယ်ကို တောင်ကြီးမြို့ရှိ ရှမ်းရိုးမ ပွဲစားတန်းသို့ လိုက်လံစုံစမ်းသော်လည်း မရ၊ ရဲစခန်းတွင် တိုင်ကြားသော်လည်း အကြောင်းမထူးသဖြင့် ဒေသခံ၏ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အများစုသည့် ပြန်လည်းကရှိရန် ရာခိုင်နှုန်း နည်းကြောင်းသိရသည်။
အလားတူ မနေ့ ဇူလိုင် (၁၃)ရက်နေ့တွင်လည်း တောင်ကြီးမြို့မ ဈေးအနောက်ဘက် ဟော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအနီး လမ်းကြား တွင်လည်း ဆိုင်ကယ် တစ်စီး ခိုးခံရကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#မှုခင်း
#တောင်ကြီးမြို့
#ရေအေးကွင်းရပ်ကွက်
#လူနေအိမ်အတွင်း
#ဆိုင်ကယ်တစ်စီးရပ်ထား
#အိမ်ထဲထိဝင်ခိုးခံရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7