ခမ်းသားငေါဝ်း

ဇူလိုင် ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1Ad2o6Bw4F/

တောင်ကြီးမြို့မ ဈေးအနောက်ဘက်၊ ဟိုပုံးကားဂိတ်အနီး ဘေးလမ်းကြား ဆိုင်ကယ်ရပ်ထားပြီး ပစ္စည်းခနဝယ်နေစဥ် နှစ်မိနစ်အတွင်း ဆိုင်ကယ်ခိုးခံရကြောင်း ဒေသခံဆီမှ‌‌သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မဈေး အနောက်ခြမ်း ရွှေစင်ဝင်း သွားဆေးခန်း ဘေးလမ်းကြားတွင် မနေ့ ဇူလိုင် (၁၃)ရက် မနက်ပိုင်းပစ္စည်းဝယ်နေစဥ် နှစ်မိနစ်အတွင်း လူငယ် (၂)ဦးမှ ဆိုင်ကယ် ခိုးသွားကြောင်း ဆိုက်ကယ်ပိုင်ရှင်ထံမှသိရသည်။

“မနေ့ မနက်က ဟိုပုံးကားဂိတ်၊မြို့မဈေးအနောက်လမ်း ဟိုပုံးကားဂိတ် ဘေးက အဲ့ဒီနားက အိမ်ဝန်းလမ်းနား ရပ်ခဲ့တာ ရပ်ပြီးတော့ ဈေး လေဝယ်စရာရှိလို့ ဆင်းဝယ်တာ ဘယ်လောက်မှာ မကြာလိုက်ဘူးပြန်လာတာ မရှိတော့ဘူး ၊ ဖြစ်ချင်တော့ ရှေ့တလောက လိုအပ်လို့ဆိုပြီးမှာ ဆိုင်းကယ် အုံနာဘုတ်နဲ့ ဝှီးတက်ကိုက ဆိုင်ကယ်ထဲ ထည့်ထားတာ ပြန်မထုတ်မိလိုက်တော့ အကုန်ပါသွားတယ်၊ ဆိုင်ကယ်နံပါတ်က SHN 37/W 67241ပါ” ဟု ဆိုင်ကယ် ပျောက်သူ ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။

ဆိုင်ကယ်ခိုးသွားသည့် လူငယ် (၂)ဦးသည် ရှေ့ဆင့်နောက်ဆင့် ဝင်သွားပြီး တစ်မိနစ်ကျော်အတွင်း ဆိုင်ကယ်ကို ခိုးသွားကြောင်းသိရသည်။

ထို့ပြင် မြို့မဈေး အနောက်ဘက်ခြမ်းတွင် ဟော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှိသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ဆိုင်ကယ် (၄)စီး အထိ ခိုးခံရသည့်ဖြစ်စဉ်လည်းရှိခဲ့ ကြောင်းသိရပါသည်။

“အဲ့နားက လေးစီးလာက်ရှိပြီးတဲ့၊ ပြီးခဲ့တဲ့တစ်ဈေးကလည်း တောင်ဘက် တစ်လမ်းကပျောက်တယ်၊ အဲ့ရှေ့တလောကလည်း အဲ့ရှေ့ ဆိုင်လေးနားမှာပဲဆိုင်ကယ်ရပ်ပြီးတော့ ကိုယ့် နောက်ကျောလေးပဲဆိုင်ကယ်ရပ်ခဲ့တာ အင်္ကျီလေးတစ်ထည်ဆင်းဝယ်ပြီးတော့ လှည့်ကြည့်လိုက်တာ ဆိုင်ကယ်မရှိတော့ဘူး၊ အဲ့နားတအားဖြစ်တယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်များပျောက်ဆုံးသွားခြင်းနှင့် ခိုးယူခြင်း ခံရသည့် မော်တော်ဆိုင်ကယ် ပြန်လည် ရရှိမှု နည်းပါးကြောင်း သိရသည်။

PPV0013
ပုံ”အွန်လိုင်း
#မှုခင်း
#တောင်ကြီးမြို့
#မြို့မဈေးအနောက်ခြမ်း
#ရွှေစင်ဝင်းသွားဆေးခန်း
#ဘေးလမ်းကြား
#ပစ္စည်းဝယ်နေစဥ်နှစ်မိနစ်အတွင်း
#ဆိုင်ကယ်ခိုးသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7