ခမ်းသားငေါဝ်း
ဇူလိူင် ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/19GiRDU7gH/

တောင်ကြီးမြို့တွင် လုယက်မှု၊ ခိုးမှု ၊ ခါးပိုက်နိုက်မှု တို့ဆေး​ဖြင့်ငွေလိမ်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ ကြားသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်ဇူလိုင်လ ဒုတိယပတ်အထိ ငါးကြိမ်ထက်မနည်း လုယက်မှုများဖြစ်ပွားပြီး ခါးပိုက်နှိုက် ၊ အလစ် သုတ်သမားများ ပိုမို အတင့်ရဲလာကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက် နေ့လည် ၂ နာရီ ဝန်းကျင်ခန့်တွင် သစ်တောရပ်ကွက် တောင်ကြီး ဟိုတယ် အနီးတွင် မိန်းကလေးငယ်တစ်ဦး ပိုက်ဆံအိတ် လုယက်ခံလိုက်ရပြီး လက်ကိုင်ဖုန်း ၊ မှတ်ပုံတင် နှင့် ငွေသားများပါသွားကြောင်း သိရသည်။

“နေ့လည်ကြောင်တောင် တောင်ကြီး ဟိုတယ်နားမှာ ဖြတ်လုခံရတယ်။ အဲ့ဒီ လမ်းထိပ်နားမှာ ဆိုလည်း ရဲတွေ အစောင့်တွေ ရှိတာတောင် ဒုစရိုက်မှုက ဖြစ်သွားသေးတယ်။ နောက်ပိုင်း သူခိုးတွေ အရမ်းကို အတင့်ရဲလာကြပြီ ”ဟု မြို့ခံ တစ်ဦးက ဆိုသည်။

ဇူလိုင်လ ၁၂ ရက်တွင်လည်း မြို့ထဲ ဘဏ်သို့ ငွေလွှဲရန် သွားရောက်သော အမျိုးသမီးငယ်နှစ်ဦး တို့ဆေး အတို့ခံရကာ သတိမေ့သလို ဖြစ်ပြီး မှတ်ပုံ တင် ၊ ဘဏ်ကတ် များအပါအဝင် ငွေကြေး ၇၆ သိန်း ပျောက်ဆုံးခဲ့ခြင်းကြုံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၃ ရက် တောင်ကြီး စျေးနေ့တွင်လည်း ကုန်စိမ်းစျေးတန်း၊ အင်းမုန့်ဆိုင်တန်းများ၌ စျေးဝယ်သော သားအမိ နှစ်ယောက် ငွေကြေး ရှစ်သောင်း လွယ်အိတ်အတွင်းမှ အနှိုက်ခံလိုက်ရကြောင်း သိရသည်။

ကုန်စိမ်း စျေးသည် တစ်ဦးက”အခု တောင်ကြီးစျေးမှာ ခါးပိုက်နှိုက်တွေ သောင်းကျန်းနေတာ ကြာပါပြီ။ အဲဒီ အမျိုးသမီးကလည်း မရှိမဲ့ ရှိမဲ့ ငွေလေး စားစရာ ဝယ်ဖို့ လာတာ ပိုက်ဆံ ရှစ်သောင်း အနှိုက်ခံလိုက်ရတယ် ဆိုတာ သိရတယ်။ ရွှေညောင် မှာလည်း အဲလိုပဲ ပိုက်ဆံ ခါးပိုက်နှိုက် ခံရတာ အသိထဲကပဲ နှစ်သိန်းခွဲ ပါသွားဖူးတယ်။”ဟု ဆိုသည်။

တောင်ကြီးတွင် ခါးပိုက်နှိုက် ၊ ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး နေ့ခင်းကြောင်တောင် လုယက်ခြင်း ၊ ဆိုင်ကယ် ခိုးယူခြင်းများ၊ ညဘက် အိမ်ဖောက်ထွင်းကာ ခိုးယူခြင်းများဆက်တိုက် ကြုံတွေ့နေရကြောင်း သိရသည်။

#PPV-006
#social
#တရားဥပဒေ
#လုယက်မှု၊
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home