ခမ်းသားငေါဝ်း

ဇူလိုင် ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/16MUZfPZKi/

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့ ပန်းမထိပ်ကျးရွာကို ပေါင်(၅၀၀)ဗုံးထပ်မံကြဲချ သဖြင့် ကလေးငယ်အပါ (၈)ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ည(၁၀း၃၀)နာရီအချိန် ဂျက်ဖိုက်တာဖြင့် ပန်းမထိပ်အနီး ပေါင် (၅၀၀) ဗုံး (၁)လုံး လာရောက်ကြဲချသဖြင့် ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“၁၀နာရီခွဲကျော်လောက် လေယာဉ်ဝဲလာပြီး အသံ ကျယ်ရီးပဲ ဗုံးဆိုကျတာ၊ ၈ ယောက်ဒဏ်ရာရတယ် ကလေးကောပါတယ်၊ ဟိုရက်ကြဲတဲ့ နေရာပါပဲ ပန်းမထိပ်မှာပဲ “ဟု ဒေသခံတစ်ဦးမှပြောသည်။

အလားတူ ပြီးခဲ့သည့် မိုးကုတ်မြို့နယ် အရှေ့ပိုင်း ပန်းမထိပ် (ဂေါ်ရခါး) ကျေးရွာကို ဇူလိုင် ၉ ရက် ညပိုင်းအချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် (၂) ဦး သေဆုံးပြီး၊ နောက်ထပ် ၄ နှစ်ကနေ ၁၅ နှစ်အတွင်းရှိ ကလေးငယ် (၇)ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်တို့ ဒဏ်ရာရခဲ့ ကြောင်းသိရသည်။

PPV0013
ပုံ-TNLA
#လူ့အခွင့်အရေး
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#မိုးကုတ်မြို့
#ပန်းမထိပ်ကျးရွာ
#ဗုံးထပ်မံကြဲချ
#ကလေးငယ်ဒဏ်ရာရ
#TNLA

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7