ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/1CVjEmEy8E/

တောင်ကြီးမြို့ နောင်ကားကျေးရွာအုပ်စုတွင် ၁၈ နှစ်အထက် ၃၅ အောက်များထံတစ်ဦး ၆ သိန်းကောက်ခံ၍ အိမ်ခြေအားလုံး ညီတူညီမျှဖြစ်ရန် တစ်အိမ်လျှင် ၁ သိန်းသုံးသောင်းပေးဆောင်ရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် PNO မှ အသက် ၁၈ အထက် ၃၅ နှစ်အောက် ယောကျ်ားသားများအားလုံး ထံမှ တစ်ဦးလျှင် ၆ သိန်းကောက်ခံရာ အဆင်မပြေသည့်သူများလည်းရှိသဖြင့် ရွာတွင်အစည်းဝေးထိုင်ပြီး တစ်အိမ်လျှင် ၁ သိန်း ၃ သောင်းပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

“တချို့ကအဆင်မပြေတဲ့သူတွေရှိတယ် ငွေတိုးယူပြီးထိုင်းလာတာ အလုပ်တောင်ကောင်းကောင်းမလုပ်ရသေးဘူး အကြွေးမဆပ်ရသေးပဲ PNO အတွက် ထည့်ပြန်ပေးနေရပြီ” ထိုင်းနိုင်ငံရောက် နောင်ကားဒေသခံလူငယ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

PNO အား တစ်ဦးလျှင် ၆ သိန်းကောက်ခံရာ ၃ သိန်းအား ဇူလိုင် ၁၇ ရက်နေ့နောက်ဆုံးထားပေးဆောင်ရမည်ဖြစ်ပြီး ကျန်သည့် ၃ သိန်းအား တန်ဆောင်မုန်းလတွင် ပေးဆောင်ရမည်ဟုသတ်မှတ်ထားသည်။

တစ်အိမ်လျှင်စစ်မှုထမ်းအရွယ် ယောကျ်ားလေး သုံးဦးရှိလျှင် ၁၈ သိန်းပေးရမည်ဖြစ်ပြီး တချို့မိသားစုများသည် အဆင်မပြေသည့်အတွက် ကျေးရွာအုပ်စုရှိနေအိမ်အားလုံးမှ တစ်အိမ်လျှင် ၁ သိန်း ၃ သောင်းနှင့်ညီတူညီမျှပေးဆောင်ရန် သဘောတူထားကြောင်း သိရသည်။

နောက်ဒေသခံ လူငယ်တစ်ဦးက “PNO ကစစ်ကောင်စီအတွက် အလုပ်လုပ်ပေးတာ တကယ်ဆို စစ်ကောင်စီထံမှာ စစ်အသုံးစရိတ်တွေတောင်းသင့်တယ် ခုကပအိုဝ်းလူထုပဲအကုန်လုံးအကုန်ကျခံနေရတာ မဟုတ်သေးဘူး ထမင်းထုပ်ပေးရတာလောက်က အဆင်ပြေသေးတယ် ခုဆိုရင်ရွာထဲက ဗဟိုရန်ပုံငွေကို ဖြားသိန်းဖေကသူ့တူတွေကို ပေးကိုင်ထားတာ ဘာအလုပ်မှမလုပ်ပဲ ယိုးဒယား ဆိုင်ကယ်တွေ၊ ကားတွေဝယ်နေတာ ရွာကလူတွေအကုန်လုံးသိတယ်” ဟုပြောသည်။

စစ်မှုထမ်းရန် မဲပေါက်သူများမှ စစ်မှုသွားထမ်းရခြင်းများရှိခဲ့ပြီး စစ်မှုမထမ်းလိုသည့်သူများကလည်း လူငှားခေါ်ပြီး စစ်မှုထမ်းစေခဲ့ခြင်းများရှိခဲ့ကြောင်း လက်ရှိတွင် ငွေးကြေးထပ်မံကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် စစ်ဘက်မှ မဟုတ်သည့် PNO အဖွဲ့မှတစ်ဦးသည် စစ်ကောင်စီက လူစုဆောင်းခြင်း PNO မှလူစုဆောင်း​ခြင်း လည်းကောင်း တစ်နှစ်အတွင်း ၁၃ သိန်းနှင့် ၅ သောင်းကုန်ကျခဲ့ပြီး အဖွဲ့ဝင်မဟုတ်သည့်သူများသည် ထိုထက်မကကုန်ကျခဲ့ကြောင်း သိရသည်။

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့နယ်
#နောင်ကားကျေးရွာအုပ်စု
#PNO
#ယောကျ်ားသားများအားလုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed