ခမ်းသားငေါဝ်း
ဇူလိူင် ၁၁၊ ၂၀၂၅
https://www.facebook.com/share/p/195vMfJZ4v/
တောင်ကြီးမြို့နယ် ၊ တောင်ကြီး- ဖာမွန်း အကြားရှိ ရထားလမ်းပိုင် နယ်နိမိတ် အတွင်း ရှိ နေအိမ် ဥပစာများကို ၁၅ ရက် အတွင်း ဖယ်ရှားပေးရန် စစ်ကောင်စီအုပ်ချုပ်ရေးက အမိန့်စာပို့ထားကြောင်း ဒေသခံထံမှ ကြား သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်ကြီးမြို့ ကံကြီး ရပ်ကွက် ၊ သစ်တောရပ်ကွက်နှင့် ဖာမွန်းကျေးရွာတို့ရှိ ရထားလမ်းပိုင်နယ်နိမိတ် အတွင်း ရှိသော နေအိမ်များယခုလအတွင်း ဖယ်ရှားပေးရန်၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်က စစ်ကောင်စီ အုပ်ချုပ်ရေးက အသိပေးအကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
“ကံကြီးရပ်ကွက်နားမှာ တောင်ကြီး – ပေါမူ ရထားလမ်း ဖောက်လုပ်ဖို့ လမ်းချဲ့ဖို့အတွက် ရထားလမ်းဘေး နေအိမ်တွေကို ဖယ်ရှားပေးဖို့ စာပေးပို့ထားတာ ကြာနေပါပြီ။ ဒီလ ၂ ရက်နေ့ မှာ စာထပ် ပို့ထားပါတယ်။ ၁၅ ရက်အတွင်း ဖယ်ရှားပေးဖို့ အသိပေးစာပါ။”ဟု ကံကြီးရပ်ကွက် နေထိုင်သူ တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့ရှိ ရထားလမ်း စီမံကိန်းကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည် အကောင် အထည် ဖော်ခြင်းဖြစ်ပြီး ရွှေညောင်မှ အေးသာယာ၊ တောင်ကြီး အတက်လမ်း ၊ ထီသိမ်မှ တဆင့်မြို့ကို ဖြတ်ကာ တောင်ကြီး၊ဟိုပုံး သွားလမ်းမှ တဆင့် မီးပုံးပျံ ကွင်း သွားလမ်းအတိုင်း ရထားလမ်းကို ဖောက်လုပ်ထားခြင်း ဖြစ်သည်။
ထိုမှ မီးပုံးပျံကွင်း အနီးရှိ တောင်ကြီးဘူတာမှ တဆင့် ကံကြီး ၊ ဖာမွန်း တို့ကို ဖြတ်သန်း၍ ပေါမူ အထိ ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်ကြီးမြို့နှင့် အေးသာယာ မြို့တို့တွင်လည်း ရထားလမ်း လွတ်ကင်းခြင်း မရှိသော နေအိမ် ဥပစာ များကို စီမံကိန်း ကာလအတွင်း ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
တောင်ကြီး-ပေါမူ ၊ ခရီးစဉ်တွင် ဒုတိယ ဘ၀ သံသရာတံတား (ထီသိမ် တံတား) ကို ဖြတ်သန်း၍ ထီသိမ် ဘူတာတွင် နာရီဝက် ရပ်တန့်ပေးခြင်း၊ ပေါမူ – တောင်ကြီး ရထားခေါင်း ပြန်လှည့်ချိန် နာရီဝက် ရပ်တန့်ပေးခြင်း ရှိပြီး တောင်ကြီး – ပေါမူခရီးစဉ်သည် ၁၁ ဒသမ ၄၁ မိုင်ကွာဝေး၍ ပြေးဆွဲချိန်တစ်နာရီခွဲခန့်ကြာမြင့်ကြောင်း သိရသည်။
တနင်္ဂနွေရုံးပိတ်ရက်များ၌ အဆိုပါတောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် အထက်ပါ သတ် မှတ်နှုန်းထားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စီးလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက် ပေးကြောင်း သိရသည်။
#PPV-006
#Humanright
#ရထားလမ်း
#နေအိမ်ပြောင်းရွှေ့ခိုင်း
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်