ခမ်းသားငေါဝ်း
ဇူလိူင် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/1Cdhvbe371/
မိုးဗြဲ – လွိုင်ကော်လမ်းမကြီးကို စစ်ကောင်စီ က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်းကရင်နီ နယ်စပ် မိုးဗြဲ မြို့ကို စစ်ကောင်စီအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့တွင် မိုးဗြဲ မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီးနောက် မိုးဗြဲ- လွိုင်ကော်လမ်းမကြီးတစ်လျောက် ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ ဇူလိုင်လ ၁၀ ရက်နေ့တွင် အဆိုပါလမ်းမကြီးကို ထိန်းချုပ်နိုင်ခဲ့သည်။
” လမ်းမကြီးတစ်လျောက်တော့ စကစ ထိန်းချုပ်နိုင်တဲ့ အနေထားဖြစ်သွားပါပြီ၊ မိုးဗြဲကို ရပြီးရင်တော့ မိုးဗြဲ- လွိုင်ကော် လမ်းမကြီး ရဖို့သူတို့အတွက်တော့ သေချာသလောက်ဖြစ်နေတာပါ၊ အင်အားမမျှတာရယ်၊ လက်နက်ကြီးပစ်ကူတွေကြောင့် တော်လှန်ရေးအင်အားစု ဖက်က နောက်ဆုတ်ပေးလိုက်ရပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဖယ်ခုံ၊မိုးဗြဲ နှင့် လွိုင်ကော် နယ်မြေများအတွင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေပြီး တော်လှန်ရေးအင်အားစုများ နှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အထူးသတိပြုရဖို့ တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#လွိုင်ကော်
#စစ်ကြောင်းထိုး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်