ခမ်းသားငေါဝ်း
ဇူလိူင် ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/16arsjHFEb/

ဖယ်ခုံအရှေ့ဖက်ကမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ကြောင်းထိုးလာနေသောကြောင့် ဒေသခံအချို့ပိတ်မိနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ- လွိုင်ကော် လမ်းမကြီး ကို စစ်ကောင်စီထိန်းချုပ်နိုင်ခဲ့ပြီး ဆောင်ကန်း လမ်းခွဲ မှ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းကို စစ်ကြောင်းထိုးကာ တော်လှန်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ စစ်ဘေးရှောင်ရန် ကြိုးစားနေသော်လည်း လမ်းများပိတ်ဆို့သွားသောကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်။

” လမ်းကပိတ်သွားပြီ သွားလို့မရတော့ပါဘူး၊ စစ်ကောင်စီက ဆောင်ကန်းလမ်းခွဲဖက်ရောက်နေပြီ၊ စစ်ရှောင်တွေက အဲ့လမ်းကနေထွက်ပြီးတော့ အနောက်ဖက်ကို ပြေးကြရတာ၊ အခုက သွားလို့ မရတော့ ပိတ်မိနေတဲ့လူတွေရှိသေးတယ်” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် ဆောင်ကန်းလမ်းခွဲ မှ စစ်ကြောင်းထိုးလာသည့် အပြင် တစ်ဖက်တွင်လည်း စစ်ကောင်စီ နှင့် PNO ပူးပေါင်းစစ်ကြောင်းတို့ ဖယ်ခုံံအရှေ့ဖက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာတွင်ရောက် ရှိနေသောကြောင့် ဒေသခံများ တိုက်ပွဲ ကြားညှပ်သွားမည်ကိုစိုးရိမ်နေကြသည်။

စစ်ကောင်စီသည် ဖယ်ခုံအရှေ့ဖက်ကမ်းရှိ ကျေးရွာများအတွင်းသို့လည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်းသိရသည်။

#PPV 003
#Humanright
#စစ်ကြောင်းထိုး
#ဒေသခံ ပိတ်မိ
#ဖယ်ခုံ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home