ခမ်းသားငေါဝ်း
ဇူလိူင် ၁၂၊၂၀၂၅

https://www.facebook.com/share/p/1B8qpUNDap/

နောင်ချို ကုန်းစံရွာကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ကုန်းစံရွာကို ဇူလိုင်(၁၁)ရက်က စစ်ကောင်စီတပ်မှ ပြန်လည် ထိန်းချုပ်ထားနိုင်ပြီး ဂုတ်ထိပ်သို့ ဆက်လက် ထိုးစစ်‌‌နေကြောင်း ဒေသခံထံမှ သိရသည်။

“ဒရုန်း၊လက်နက်ကြီး ပစ်သံတွေက နေ့တိုင်းကြားနေရတယ်။ ကုန်းစံရွာကို စကစပြန်ရပြီလို့ သိရတယ်။ လောလောဆယ် နောင်ချိုမြို့အဝင် ဆိုင်းဘုတ်အနီးထိ နေရာယူထားတယ် လို့ သိရတယ်။ဒေသခံအကုန်နီးပါး ကျောက်မဲ၊ သီပေါဘက် စစ်ရှောင်ကြတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်နေတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ဇူလိုင်လ(၁၀)ရက် နေ့လည်ပိုင်းတွင် နောင်ချိုမြို့အနီးရှိ ပွိုင့်-၁၁၁၈ တောင်ကြောတစ်လျှောက် TNLA ခံစစ်ပြင်ထားသည့် စခန်းကုန်း(၃)ခုကိုလည်း စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းယူထားကြောင်း ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ကြောင်း ယနေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ဇူလိုင်(၁၁)ရက်တွင်လည်း စစ်ကောင်စီသည် နောင်ချိုမြို့ပေါ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

#PPV0011
#တိုက်ပွဲများ
#နောင်ချို
#TNLA
#ရှမ်းမြောက်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home