ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/1FdkMighLx/

ဆီဆိုင်မြို့ ထီတယမ်ကျေးရွာအုပ်စုတွင် PNO စစ်ထဲမဝင်ပါက စစ်ကောင်စီထံဝင်ရမည်ဖြစ်ပြီး ရခိုင်သို့ပို့ဆောင်ခံရမည်ဟုဆိုကာ PNO မှ စစ်မှုထမ်းရန်နှင့် ငွေထပ်မံကောက်ခံနေကြောင်း ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ထီတယမ်ကျေးရွာအုပ်စုတွင် ပြည်သူ့စစ်ထဲမဝင်ပါက စစ်ကောင်စီထံဝင်ရပြီး ရခိုင်သို့ပို့ဆောင်ခံရမည်ဟုဆိုကာ PNO မှ ဇူလိုင်လ ၁၂ ရက်တွင် အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန်နှင့် ငွေထပ်မံကောက်ခံနေသည်၊၊

“စစ်မှုထမ်းဖို့ ဥပမာလေးယောက်မှာ နှစ်ယောက်ကစစ်မှုထမ်းရမယ် နှစ်ယောက်ကငွေပေးရမယ် တစ်ယောက်ကို ၅ သိန်း နှစ်ယောက်ဆိုရင် ၁၀ သိန်း” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်၊၊

PNO ဒု(ခမ်းဗွေႏ)အကြီးအကဲ ဖြားကျော်သိန်း၊ အွိုင်းဥက္ကဌ ဖြားမောင်၊ ဖြားဂျော်နီတိုမှ ဇူလိုင် ၁၂ ရက်နေ့တွင် ကောင်ပန်တင်းဘုန်းကြီးကျောင်းတွင် အစည်းအဝေးခေါ်ယူပြီး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊၊

“PNO စစ်ထဲမဝင်ရင် ဗမာစစ်ထဲဝင်ရမယ် ဗမာစစ်ထဲဝင်ရင် ရခိုင်ဘက်ကိုသွားရမယ် PNO စစ်ထဲကိုဝင်ရင် ကိုယ့်ဒေသမှာပဲ တာဝန်ထမ်းဆောင်ရမယ်လို့ပြောတယ်” ဟု ၄င်းကဆက်ပြောသည်၊၊

အစည်းအဝေးသို့ အွိုင်းထီတယမ်ရှိ ကျေးရွာပေါင်း ၃၂ ရွာရှိ အသက် ၁၈ အထက် ၃၅ နှစ်အောက်အမျိုးသားများအားလုံး တက်ရောက်ခဲ့ရကြောင်း သိရသည်၊၊

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#ထီတယမ်ကျေးရွာအုပ်စု
#ရခိုင်သို့ပို့ဆောင်ခံရမည်
#စစ်မှုထမ်းရန်နှင့်ငွေထပ်မံကောက်ခံ
#ကောင်ပန်းတင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed