၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့
ခမ်းသားငေါဝ်း/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
အာရက္ခတပ်တော် ULA/ AA အဖွဲ့တို့ကို ချင်းပြည်နယ်မှ ထွက်ခွာပေးရန် ချင်းပြည်သူများက ဆန္ဒပြနေကြသည့် ဗီဒီယိုရုပ်သံကို ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၁၀ ရက်နေ့ပါ ရက်စွဲဖြင့် ဖြန့်ဝေမှုတစ်ခု တွေ့ရှိရပါသည်။
ဖြန့်ဝေထားသည့်အကြောင်းအရာမှာ “ချင်းပြည်နယ်မှ ULA/AA အကြမ်းဖက်အဖွဲ့နှင့် အပေါင်းအပါများ အမြန်ဆုံးထွက်ခွာသွားရန် ချင်းပြည်သူတွေ တောင်းဆို “ ဟုဆိုကာ ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၁၀ ရက်နေ့ပါ ရက်စွဲဖြင့် ထိုနေ့တွင် ဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို ရှမ်းပြည်သတင်းများ ဖော်ပြလေ့ရှိသည့် “Mawshan Myay Media” တယ်လီဂရမ်ချန်နယ်အကောင့်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး “ခမ်းသားငေါဝ်း” အချက်အလက်စစ်ဆေးနေချိန်၌ ကြည်ရှု့သူ (၉)ရာကျော်၊ ရီအက်ရှင် ပြုလုပ်သူ (၅)ဦးထိ ရှိနေပြီး ဖြစ်ပါသည်။
ဖြန့်ဝေသည့် လင့် – https://archive.ph/4akjG
၎င်းဖြန့်ဝေထားသည့် ဗီဒီယိုအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ Google Search Image နှင့် InVID tools တို့ဖြင့် စိစစ်ကြည့်သည့်အခါ ဓာတ်ပုံအဟောင်းကို အသုံးပြု၍ Ai နည်းပညာဖြင့် ဗီဒီယို ဖန်တီးကာ ၂၀၂၅ခုနှစ် ဇူလှိုင်လ ၁၀ရက်နေ့တွင် ထပ်မံ ဆန္ဒပြသည့် ဟန်ဖြင့် ဖြန့်ဝေထားသည့် သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
ပျံနှံလာသည့် ဗီဒီယိုဖိုင် ကို Screenshop ရိုက်ကာ google lens တွင် ရှာဖွေစိစစ်ရာ၌ လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့တွင် ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာနေများ ဖော်ပြထားသည့် ဓာတ်ပုံများနှင့် ထပ်တူကျနေသည်ကို တွေ့ရှိရပါသည်။
“BBC Burmese” ၏ ဖော်ပြချက်တွင် ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရက္ခတပ်တော် (AA) ကို ချင်းပြည်နယ်က ထွက်သွားဖို့ အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ခြမ်းရောက် ချင်းစစ်ဘေးရှောင် ရာချီက ၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက ဖော်ပြထားချက်ကို တွေ့ရှိရပါသည်။
BBC Burmese သတင်းလင့် – https://www.facebook.com/share/p/19SMiPBapX/
ထို့အတူ RFA Burmese ၏ ရခိုင်တိုင်းရင်းသားအစီစဉ် ဗီဒီယို သတင်းတင်ပြချက်တွင်မှာလည်း ချင်းပြည်နယ်တွင် နယ်မြေချဲလုယူနေပြီး ချင်းပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို AA က ကျူးလွန်နေကြောင်း ဆန္ဒပြသူများက ပြောဆိုထားပြီး ချင်းပြည်နယ်မှ ထွက်သွားဖို့ ဩဂုတ်လ ၁၀ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ဖော်ပြထားမှုကို တွေ့ရှိရပါသည်။
RFA Burmese သတင်းလင့် – https://www.facebook.com/share/v/1C3wuSrAmX/
မတူပီမှာ AA တို့ နေရာယူထားခြင်းကြောင့် ဆန္ဒပြပွဲ လုပ်ခြင်းဖြစ်ကြောင်း၊ မတူပီနှင့် ပလက်ဝတို့ကနေမှ ထွက်သွားဖို့၊ ချင်းပြည်နယ်တွင် AA ကို အလိုမရှိခြင်းကြောင့် မတူပီမြို့နယ် စစ်ဘေးရှောင်များက ဦးဆောင်ပြီး စစ်ဘေးရှောင် ၇၀၀ ကျော် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်းကို DVB သတင်းဌာနမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖော်ပြထားပါသည်။
DVB သတင်းလင့် – https://www.dvb.no/post/664228
ချင်းပြည်နယ်ကနေ ရက္ခိုင့်တပ်တော် (AA) ထွက်ခွါပေးဖို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ချင်းစစ်ဘေးရှောင်များက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်လှုပ်ရှား မှုတစ်ရပ်ပြု လုပ်ခဲ့ပြီး “ချင်းပြည်နယ်မှ AA ထွက်ခွါပေးရန်၊ ချင်းပြည်ကောင်စီကို ထောက်ခံသည် “စသည့် အကြောင်းအရာတွေကို ဆန္ဒပြတဲ့ ချင်းစစ်ဘေးရှောင်လူစုက ပိုစတာကိုင်ဆောင်ကာ ၊ မိန့်ခွန်းပြောဆိုမှုများ လုပ်ဆောင်ခဲ့သည့်အကြောင်းကို Burma Human Rights Network မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖော်ပြထားပါသည်။
Burma Human Rights Network သတင်းလင့် – https://www.facebook.com/share/v/19TUrQAqNs/
၂၀၂၅ ခုနှစ် ဇူလှိုင်လ ၁၀ ရက်နေ့တွင် ချင်းပြည်သူများမှ AA ကို ဆန္ဒပြသည့် ဟန်ဖြင့် သတင်းအမှား ဖြန့်ဝေသူ အသုံးပြုထားသည့် ဗီဒီယိုဖိုင်သည် အထက်တွင်ဖော်ပြထားသော ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့ သတင်းဌာနဖော် ပြချက် သတင်းဓာတ်ပုံများ (၂) ပုံ နှင့် ထပ်တူကျနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ထိုဖြန့်ဝေသူအသုံးပြုထားသည့် ဗီဒီယိုကို အသေးစိတ်ကြည့်ရှုရာတွင် ရှေ့ဆုံးရှိ ဆန္ဒပြသူများသာ လုပ်ရှားနေသည်ကို တွေ့ရပြီး အမူအရာများဟာ အားလုံးတူညီနေသည်ကိုလည်း တွေ့ရှိရပါသည်။ ဆန္ဒပြသူ (၇၀၀) ၏ ဆန္ဒပြကြွေး ကြော်သံသည် တချိန်ထဲညီညာနေသည့်အတွက် နောက်ခံအသံများသည်လည်း ပြန်လည်ဖန်တီးထားခြင်းဖြစ်ကြောင်းကို သိနိုင်ပါသည်။ Ai နည်းပညာသည် လက်ရှိတွင် အသေးစိတ် ဖန်တီးရန် အခက်ခဲ ရှိနေသည့်အတွက် ကြည်ရှူ့သူများက အသေးစိတ် ကြည့်ရှု့မည်ဆိုပါက Ai ဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရှိနိုင်ပါသည်။
သုံးသပ်ချက်
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ခြမ်းရောက် ချင်းစစ်ဘေးရှောင်များက ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့် အာရက္ခတပ်တော် (AA) ကို ဆန္ဒပြခဲ့သည်မှာ သတင်းမှန် ဖြစ်ပါသည်။ သို့သော် ၂၀၂၅ ခုနှစ် ဇူလှိုင်လတွင် ထပ်မံ ဆန္ဒပြခြင်းမရှိပါ။
ထို့ကြောင့် “Mawshan Myay Media” တယ်လီဂရမ်ချန်နယ်အကောင့်မှ ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၁၀ ရက်နေ့တွင် ချင်းပြည်သူများက အာရက္ခတပ်တော် (AA) ကို ဆန္ဒပြကြသည့် အကြောင်းအရာမှာ ဗီဒီယိုဖိုင်သည် သတင်းအမှားဖြစ်ပါသည်။ ထို့အပြင် ၎င်းအသုံးပြုထားသည့် ဗီဒီယိုဖိုင်သည် ဓာတ်ပုံအဟောင်းကို Ai နည်းပညာဖြင့် ဗီဒီယိုသို့ ပြောင်းလဲဖန်တီးထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထိုအဖြစ်အပျက်၏ ဓာတ်ပုံကို အသုံးပြုကာ ယခင်က စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့မှလည်း ပအိုဝ်းဒေသတွင် Photoshop ဖြင့် ဓာတ်ပုံပြုပြင်ကာ သတင်းအမှားဖြန့်ဝေမှု ပြုလုပ်ခဲ့ပြီး မြန်မာ့အချက်အ လက်စစ်ဆေးရေးကွန်ယက် (MFCN) နှင့် ခမ်းသားငေါဝ်းတို့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူးပါသည်။
MFCN အချက်အလက်စစ်ဆေးထားသည့် လင့် – https://www.facebook.com/share/v/1CkqDzNFTA/
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Fb- https://www.facebook.com/KhamSarNgor
#RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#