ခမ်းသားငေါဝ်း
ဇူလိူင် ၁၃၊၂၀၂၅

https://www.facebook.com/share/p/168cgLWUb5/

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဝေါလေမြိုင်မြို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း ရရှိမှုနှင့် စခန်းတွင်း အခြေအနေများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်သည်။

ဥကရစ်ထစခန်းကို ဇူလိုင် (၁၂)နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန် ရေးပူးပါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့ကြာင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာလည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားကြောင်းဖော်ပြထားသည်။

၎င်း စခန်းသည် လွန်ခဲ့သည့် ၃ နှစ်ဝန်းကျင်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ရာ အောင်မြင်မှုမရခဲ့သဖြင့် စစ်ကောင်စီက သက်ရှိစည်းရိုး ဆိုသော နာမည်ဖြင့် စစ်တပ် ဝါဒဖြန့် ဇတ်လမ်း ရိုက်ကူး ပြသခဲ့သော စခန်းလည်းဖြစ်ကြောင်း သိရှိရပါသည်။

#ppv013
#တိုက်ပွဲများ
#KNU
#ဥကရစ်ထစခန်း
#ကရင်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed