ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊၂၀၂၅

https://www.facebook.com/share/p/19dCboC2Ao/

စစ်ကောင်စီတပ်မှ တအာင်းတပ်မတာ် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို လေကြောင်းဖြင့် ဗုံ(၆)လုံးထပ်မံ ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၇)လုံးထိခိုက်ပျက်စီးခဲ့ကြာင်း ဒေသခံဆီမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ကို ဇူလိုင်(၁၃)ရက် မနက် (၆)နာရီအချိန်က စစ်ကောင်စီမှ ဗုံး(၆)လုံး ကြဲချမှု‌ကြောင့်‌နေအိမ်(၇)လုံး ပျက်စီးပြီး အမျိုးသမီးတစ်ဦး ခေါင်းထိ ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

“တစ်ဦးထိခိုက်ဒဏ်ရာရတယ် ပိန္နဲကုန်းက အမျိုး သမီး၊ခေါင်းဝောာ့ ထိပြီး နည်းနည်း ပြဲသွားတယ် စိုးရိမ်စရာတော့မရှိပါဘူး”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

စစ်ကောင်စီက ကျောက်မဲမြို့ရှိ မန့်နား ကျောက်တောင်အစပ် အမက (၁၃) ကျောင်းတွင် ဗုံး(၂ )လုံး၊ ဝါဆိုကျောင်းလမ်းတွင်ဗုံး (၁)လုံးနှင့် ပိန္နဲကုန်း ကျေးရွာတွင်ဗုံး(၃) လုံး ကြဲချခဲ့ကြောင်းသိရပါသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်‌ နေလည့်တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကောလီဟိုတယ်၊ မြို့မရဲစခန်းနှင့် ခရိုင်ရဲရုံးများကို ဗုံးကျရောက်ပေါက်ကွဲပြီး အမျိုးသား တစ်ဦးသေဆုံးပြီး (၅) ဦးထိခိုက်ခဲ့ ကြောင်းTNLA မှထုတ်ပြန်ထားသည်။

#ppv013
#Humanright
#TNLA
#ကျောက်မဲ
#ဗုံးကြဲခံရ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed