ခမ်းသားငေါဝ်း
ဇူလိူင် ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/1B4mfyAEmn/
မိုးဗြဲ- လွိုင်ကော် လမ်းမကြီးကို စစ်ကောင်စီထပ်မံစစ်ကြောင်းထိုးလာနေပြီး တော်လှန်ရေးအင်အားစုများ နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်း- ကရင်နီ နယ်စပ်မိုးဗြဲမြို့ကို ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်ထိန်းချုပ်နိုင်ပြီးနောက် မိုးဗြဲ – လွိုင်ကော် လမ်းမကြီးကို ထပ်မံစစ်ကြောင်းထိုးလာကာ တော်လှန်ရေးအင်အားစုများ နှင့် ထိတွေ့တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။
” မိုးဗြဲ နဲ့ လွိုင်ကော်ကြားက ဆောင်ကန်း ကျေးရွာနားဖက်မှာတိုက်ပွဲ ပြင်းထန်နေတယ်၊ စစ်ကောင်စီက မိုးဗြဲကို ဝင်နိုင်တော့ လွိုင်ကော်ထိ လမ်းဖောက်ချင်တာ၊ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ- လွိုင်ကော် လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ လုပ်နေတာဖြစ်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီသည် လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျောက်စစ်ကြောင်းထိုးလာနေပြီး အနီးနားရှိကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသောကြောင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းတွင်လည်း စစ်ကောင်စီ နှင့် PNO ပူးပေါင်း စစ်ကြောင်းတို့ အင်အားအလုံးအ ရင်းနှင့် စစ်ကြောင်းထိုးလာနေပြီး တော်လှန်ရေးအင်အားစုများ နှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရသည်။
#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#လမ်းမကြီး
#စစ်ကြောင်းထိုး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်