ခမ်းသားငေါဝ်း
ဇူလိူင် ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1CMMQkc2UQ/

ကဗျာဆရာ၊ စာရေးဆရာ မောင်သာချိုသည် ဇူလိုင်လ (၁၀)ရက် နံနက် (၈)နာရီအချိန်တွင် ရန်ကုန်မြို့၊ပင်လုံဆေးရုံးကြီး၌ ကွယ်လွန်သွားကြာင်းသိရပါသည်။

စာရေးဆရာမောင်သာချိုကို ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့၊သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိဒေါ်တင် မှ ၁၉၅၈ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ယခုနှစ်၂၀၂၅ အသက်(၆၇)ရှိပြီးဖြစ်သည့် နိုင်ငံကျော်စာရေးဆရာ မောင်သာချို သည် ယနေ့ ဇူလိုင်(၁၀)ရက်နေ့တွင်ပင်လုံဆေးရုံ၌ ကွန်လွယ်သွားကြာင်းသိရပါသည်။

“စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါပြီ”ဟု ကာတွန်းဆရာအော်ပီကျယ် မှ လူမှုကွန်ရက်စာမျက်နှာတွင်ရေး သားထားသည်။

စာရေးဆရာ၏အမည်ရင်းသည် ဦးညွန့်​သောင်းကွမ်းခြံကုန်းဆိုသည့်ကလောင်နာမည်ဖြင့် သရော်စာကိုရေးသားခဲ့သူဖြစ်ပြီး စာပေလောကကို ၁၉၇၃ခုနှစ် ဒီဇင်ဘာလတွင်စတင်ဝင် ရောက်ခဲ့သူဖြစ်သည်။

ထို့ပြင် ကဗျာဆရာ စံငြိမ်းဦးမှလည်း”အစ်ကို မောင်သာချို ကွယ်လွန်တယ်။တယောက်ပြီးတယောက်ထွက်သွားနေခဲ့ကြလိုက်တာလို့ပဲ ရေရွတ်မိတယ်စိတ်ထဲမကောင်း၊ မောင်သာချို၊ ကိုခင်လွန်း၊ ယမုံ၊ နေစိမ့် ဆိုတာ၊ ကျနော်တို့ ရှေ့က မွှေးမြသော အစ်ကိုကြီးတွေ”ဟု ဆိုကာ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားပါသည်။

“ဒီနေ့July (၁၀)ရက်နေ့မှာဆရာတော်ရွှေညဝါ ဘဝနတ်ထံပျံလွန်တော်မူသွားတယ်။ဆရာမောင်သာချိုကွယ်လွန်သွားတယ်။ရိိုသေလေးစားပြီးရင်းနှီးခင်မင်ရတဲ့သူတွေဖြစ်တဲ့အပြင်အချိန်တစ်ခုမှာအတူတူနေခဲ့ရတဲ့သူတွေဖြစ်တော့တော်တော်လေးကိုစိတ်ထိခိုက်မိပါတယ်။မွေးဖွားတယ်၊သေဆုံးတယ်၊မထူးဆန်းပါဘူး။ဒါပေမယ့်မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာဘာတွေလုပ်ခဲ့တယ်၊ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကိုမှတ်ကျောက်အတင်ခံနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြောင်းငြင်းချက်ထုတ်စရာမရှိပါဘူး။လူကောင်းတွေလေ”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက သူ့၏လူမှုကွန်ယက်တွင်ဖော်ပြထားသည်။

စာရေးဆရာမောင်သာချိုသည် စစ်တပ်အာဏာသိမ်း ချိန်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ ၅၀၅(က) ဖြင့် ထောင်(၂) နှစ် ချမှတ်ခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့မွန်းလွဲပိုင်းတွင်လွတ်ငြိမ်းဖြင့် အင်းစိန်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်ခဲ့သည်။

စာရေးဆရာ မောင်သာချိုနှင့်အတူ ထောင်မှ ပြန်လွတ်လာခဲ့သည့် ရွှေညဝါဆရာတော် သည်လည်း မနေ့မနက် ၂ နာရီ ၄၅ မိနစ်မှာပဲ ပျံလွန်တော်မူခဲ့ကြောင်းသိရပါသည်။

#ppv013
#စာရေးဆရာ
#နာရေး
#မောင်သာချို

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home