ခမ်းသားငေါဝ်း
ဇူလိုင် ၉၊ ၂၀၂၅

https://www.facebook.com/share/p/1G2nw1eMZq/

ရွာငံမြို့နယ်တွင် မူးယစ်ဆေးဝါးWYဆေးပြား တစ်ပြားကို တစ်ထောင်ကျပ်သာရှိပြီး ကျေးရွာများတွင်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်သဖြင့် လူငယ်များသုံးစွဲမှုများလာလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ် ယခု ၂၀၂၅ခုနှစ်အတွင်းတွင်မူးယစ်ဆေးဝါးများကို အလွယ်တကူ ဝယ်ယူရရှိသောကြောင့် လူငယ်များ သုံးစွဲမှု များလာနေသည်။

“အရင်နှစ်တွေဆို မူးယစ်ဆေး သုံးသူတွေ နည်းသေးတယ်။ဒီနှစ်ကျ တော်တော် ဝယ်ယူရလွယ်တော့ များလာတယ်။လူငယ်တွေကလည်း မျက်စိရှေ့မှာဘဲ မြင်နေရတော့ သုံးစွဲမှုများလာတယ်။တာဝန်ရှိသူတွေလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာမရှိဘူး။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲများအနေဖြင့် ရပ်ရွာအတွင်းတွင် ခိုးမှု၊လုယက်မှုများပိုများလာပြီး မိသားစုများအတွင်း အကြမ်းဖက်မှုများ စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်းသိရသည်။

တစ်ချို့သော ကျေးရွာများတွင် မူးယစ်ဆေးဝါးရောင်းသူသည် ပျူစောထီး၊စစ်တပ်၊ရဲများနှင့် ပေါင်းပြီး ပေါ်တင် သယ်ယူ ရောင်းချလျက်ရှိကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#မှုခင်း
#မူးယစ်ဆေး
#ရွာငံမြို့နယ်
#WYဆေးပြား
#တစ်ထောင်ကျပ်သာရှိပြီး
#ကျေးရွာများ
#လူငယ်များသုံးစွဲမှုများလာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7