ခမ်းသားငေါဝ်း
ဇူလိူင် ၉၊ ၂၀၂၅
https://www.facebook.com/share/p/1NfcD6771d/
TNLA ထိန်းချုပ်သည့် မိုးကုတ်နှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် မန္တလေး တိုင်းမိုးကုန်မြို့တွင် ဇူလိုင် ၈ ရက် က စစ်ကောင်စီ တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ် ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားသည်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေါ်ခင်မျိုးထွေး၊ ဒေါ်ခင်ထားရီနှင့် ဦးလှသိန်းတို့ သေဆုံးခဲ့ပြီး ပြည်သူလူထု (၈)ဦး ပြင်း ထန်ဒဏ်ရာရရှိကာ နေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထို့အပြင် ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA ကဆိုထားသည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၅၆)နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အောင်သက်ပိုင်၊ ဦးဝေ၊ ဒေါ်ပုပ်နှင့် ဦးအိုက်ဆွယ်တို့သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနေအိမ် (၇)လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် (၅)ရက်နေ့လည်း ကျောက်မဲမြို့၊ ရပ်ကွက် (၂)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၁) လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလည်း လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ဦးတည်၍ ရည် ရွယ်ချက်ရှိရှိ ဗုံးများကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း TNLA ကဆိုထားသည်။
#ppv002
#Humanright
#TNLA
#ကျောက်မဲ
#မိုးကုတ်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်