ခမ်းသားငေါဝ်း
ဇူလိုင် ၉၊ ၂၀၂၅

https://www.facebook.com/share/p/16d9xA6nMa/

ဆီဆိုင်မြို့နယ်တွင် ဆံပင်များကို တစ်ပိဿာ ၇ သိန်းမှ ၁၀ သိန်းအထိ ရရှိနေသဖြင့် ဆံပင်ဖြတ်ရောင်းချသူများပြားလျက်ရှိကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်ပိုင်းတွင် မြို့နေပြည်သူများနှင့် ကျေးရွာဖက်နေ ဒေသခံများ စီးပွားရေး ကြပ်တည်းလာပြီး စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် အမျိုးသမီးများက ဆံပင်များကို ဖြတ်ပြီး ရောင်းချသူ ပိုမိုများလာကြောင်းသိရသည်။

“ဝယ်တဲ့သူလည်း စျေးကောင်းပေးဝယ်တယ် အဓိက မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ဖို့အတွက် ရောင်းကြတယ်။ ဒီတစ်နှစ် နှစ်နှစ်အတွင်း စီးပွားရေးတွေလည်းအဆင်မပြေကြဘူးလေ။ အဲတာကြောင့် ဆံပင်ကို ဖြတ်ရောင်းကြတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်တစ်တောင် အရှည် ရှိသောဆံပင်ကို စပြီး ဝယ်ယူနေပြီး လက်တစ်တောင် အရှည်ရှိသော ဆံပင် တစ်ပိဿာကို ၈ သိန်းကျပ်၊ လက်တစ်တောင်ထက် ကျော်သော ဆံပင်များ တစ်ပိဿာကို ၁၀ သိန်းကျပ် စသဖြင့် အသီးသီးဖြင့် ရှိနေကြောင်းသိရသည်။

“အဓိက တော့ ဆံပင်အတု လုပ်တဲ့ နေရာမှာဘဲ သုံးတယ်။မြန်မာပြည်က ပွဲစားဝယ်ခိုင်းတာ တစ်ရက်ကို ၃ ယောက်လောက်လာရောင်းတယ်။တစ်ချို့ရက်တော့ တစ်ယောက်ဘဲရှိတယ်။ လာရောင်းတဲ့ သူက ဟိုအရင်တွေထက် စာရင် ပိုပိုများလာတယ်”ဟု ဆံပင် အရောင်းအဝယ်လုပ်ကိုင်သူက ကပြောသည်။

ဆီဆိုင်မြို့သည် ၂၀၂၄ ခုနှစ်၌ စစ်ဘေးဒဏ်ကို အပြင်းအထန်ခံစားရသော မြို့ဖြစ်ပြီး ယခုတွင်တိုက်ပွဲငြိမ်ပြီး ဒေသခံများ ပြန်လာနေပြီးနောက် ကုန်စျေးနှုန်းကြီးမားခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊စားဝတ်နေရေး ပိုမိုခက်ခဲလာခြင်းများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်ပိုင်း
#မြို့နေပြည်သူများနှင့်ကျေးရွာဖက်နေဒေသခံများ #စီးပွားရေးကြပ်တည်း
#စားဝတ်နေရေးဖြေရှင်းနိုင်ရန်
#အမျိုးသမီးများကဆံပင်များကိုဖြတ်ပြီးရောင်းချ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7