ခမ်းသားငေါဝ်း

ဇူလိုင် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1FQ3VPneT4/

ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာကိုစစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၄ နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးသွားကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်းစခန်း တစ်နေရာကို ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲချခဲ့ရာ စစ်ဘေးရှောင်အသက် ၄ နှစ်အရွယ်ကလေး အပါအဝင် မိသားစုဝင် ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒါဏ်ရာရရှိသွားသည်။

” ဗုံးတစ်လုံးက အိမ်ပေါ်တည့်တည့်ကြတော့ တစ်မိသားစုထဲ ၃ ယောက်ကပွဲချင်းသေသွားတယ်၊ သူ့သမီးက ၄ နှစ်ပဲရှိသေးတယ်၊ သူ့မိဘ နှစ်ဦးကလည်း ၂၀ ကျော်အရွယ်တွေလေးတွေပဲ ၊ တော်တော်လေးကံဆိုးသွားကြတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်ကိုပေါသည်။

အဆိုပါဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး နှင့် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ကိုယ်ဝန်ဆောင်မိခင်မှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

ထို့အပြင် ဖယ်ခုံမြို့အနောက်ဖက်ခြမ်းနောက် တစ်နေရာကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

PPV 003
ပုံ-KPV
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့အနောက်ဖက်ခြမ်း
#စစ်ရှောင်စခန်း
#လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့
#ကလေးအပါအဝင်မိသားများသေဆုံး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7