ခမ်းသားငေါဝ်း

ဇူလိုင် ၈၊ ၂၀၂၅

https://www.facebook.com/share/1BzA1a5PK8/

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် အပါ ပြည်သူ(၆)ဦး သေဆုံးကြောင့် KNUမှ ယနေ့ထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့်ဇူလိုင် (၅)နေ့တွင် စစ်ကောင်စီမှ KNU ထိန်းချုပ်နယ်မြေ လယ်ဒိုမြို့နယ် အတွင်း ဒရုန်းနှင့်လက်နက်ကြီးဖြင့်လာရောက်ပစ်ချမှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူ (၆)ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်
အမျိုးသမီးတစ်ဦး နှင့်(၃)ဦးဒဏ်ရာရခဲ့ကြောင်းဖော်ပြထားသည်။

၎င်း လက်နက်ကြီးကို ညနေ (၆)နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီ၏ နတ်သံကွင်းအထိုင်တပ်မှ ဒရုန်းဖြင့်(၁၂၀)မမဗုံးသီးတစ်လုံးလာရောက်ပစ်ချမှုကြောင့် စစ်ဘေးရှောင်နေထိုင်ရာ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

အလားတူ ဇူလိုင်(၂) ရက်နေ့ တွင်လည်း စစ်ကောင်စီ ခမရ(၃၅၁)တပ်ရင်း ဆင်မတောင်မှနေ၍ လက်နက်ကြီး(၂)လုံးပစ်ခတ်မှုကြောင့် မူးမြို့နယ် ညောင်ပင်ကုန်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လာရောက် စစ်ဘေး‌ရှောင်နေထိုင်သည့် ရှမ်းချောင်းရွာသား အသက်(၃၁)နှစ်တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေ မြိုနယ်(၃)ခုအတွင်းရှိ ကျေးရွာများကို နေ့စဥ်နေ့တိုင်း လက်နက်ကြီးများပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင်နေရာများပါ မကျန် ပစ်မှတ်ထားပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် လုပ်ကိုင်စားသောက်သွားလာနေထိုင်နေကြရကြောင်း ထုတ်ပြန်ထားပါသည်။

PPV0013
ပုံ- KNU
#ကရင်အမျိုးသားအစည်းအရုံး
#KNU
#လက်နက်ကြီးပစ်ခတ်မှု
#ကလေးငယ်အပါဝင်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed