ခမ်းသားငေါဝ်း

ဇူလိုင် ၇၊ ၂၀၂၅

https://www.facebook.com/share/p/1Bya5Rr5ex/

ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းသဖြင့် မန္တလေးတိုင်းမှ လွှဲပြီး ကျန်တိုင်းနှင့်ပြည်နယ်တွင် မိုးကြီးပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဟု မိုးဇလက ယနေ့မနက်တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲမိုးရွာသွန်းပြီး မကွေးတိုင်း၊စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့်ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

ထိုပြင် ယခုနှစ်တွင် အနောက်တောင် ရုတ်တရက်အားကောင်းလာပြီး ၊ မုတ်သုံဝင် ၉ရက်စော သည့် “MONSOON SURGE”ဖြစ်စဉ်သည် ဒီနှစ်၏ ထူးခြားသည့် ရာသီဥတုဖြစ်စဉ် တစ်အခု ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်၏ လူမှု ကွန်ရက်မှာဖော်ပြထားသည်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်များတွင် မိုးသည်းထန်နိုင်ပြီး ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ဧရာဝတီမြစ် များ ရေပြန်တက်လာနိုင်ပါကြောင်းသိရပါသည်။

မိုးဇလမှ ရေကြီးရေလျှံ၊ မြေပြိုမှုများအပါအဝင် သဘာဝဘေး အန္တရယ် ဖြစ်ပေါ်နိုင်သောကြောင့် ဆည်းမြောင်း တာတမံများအား ကြိုတင်ပြင်ဆင်ရန် သတိပေးထားပါသည်။

PPV0013
ပုံ-အွန်လိုင်း
#ကပ္ပလီပင်လယ်အော်
#ဘင်္ဂလားပင်လယ်အော်
#မုတ်သုံလေအားအလွန်ကောင်း
#မန္တလေးတိုင်း
#ကျန်တိုင်းနှင့်ပြည်နယ်
#မိုးကြီး
#မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်
#ကမ်းလွန်ပင်လယ်ပြင်
#လေပြင်းများကျရောက်
#လှိုင်းကြီးမည်
#မိုးဇလက
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7